Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 17, 2015

ကျောက်စိမ်း ဆွဲပြားခိုးယူသွားသူ တရုတ်နိုင်ငံသား(၂)ဦးအား မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းမိ

  ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ ကျောက်မျက် ရောင်းဝယ်ရေးဆိုင်မှ ကျောက်စိမ်း ဆွဲပြားခိုးယူသွားသူ တရုတ်နိုင်ငံသား(၂)ဦးအား အချိန်တိုအတွင်း ဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၁၇

၁၆.၈.၂၀၁၅ ရက်နေ့ ၀၉၅၀ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဗဟိုရုံရှိ ကျောက်မျက်ရောင်းဝယ်ရေးဆိုင်သို့ တရုတ်နိုင်ငံသား အမျိုးသား(၂)ဦးရောက်ရှိလာပြီး ကျောက်မျက်ရတနာ
များဝယ်ယူလိုကြောင်း ပြောသဖြင့် ဆိုင်ဝန်ထမ်းများမှ ကျောက်မျက်ရတနာ ပစ္စည်းများအား ထုတ်ပြခဲ့သော်လည်း မည်သည့်ပစ္စည်းမျှ ၀ယ်ယူခြင်း မရှိဘဲ ပြန်လည်ထွက်ခွာသွားစဉ် မသင်္ကာ၍ ပြသခဲ့သည့် ကျောက်မျက်ရတနာများအား စစ်ဆေးကြည့်ရာ ငွေကျပ်(၁၅၀၀၀၀၀)ခန့်တန်ဖိုးရှိ ကျောက်စိမ်းဆွဲပြား (၁)ခုမှာ ပျောက်ဆုံးနေသည်ကို တွေ့ရသောကြောင့် စုံစမ်းအရေးယူ ပေးပါရန် တိုင်တန်းခဲ့၍ ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၂၃၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်း ဖော်ထုတ်ခဲ့ပါသည်။

အမှုမှ တရုတ်အမျိုးသား(၂)ဦးအား ဖမ်းဆီးရမိရေးအတွက် ပန်းဘဲတန်းမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များက မင်္ဂလာဒုံလေဆိပ်ရှိ အမှတ်(၁)လေကြောင်း ရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)မှ တပ်ဖွဲ့ဝင်များ၊ လေဆိပ်နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သတင်းစုံစမ်းရှာဖွေခဲ့ရာ ၎င်းတို့(၂)ဦးကို ယင်းနေ့ ၁၂၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံလေဆိပ်ပြည်ပထွက်ခွာ စစ်ဆေးရေး ဂိတ်၌တွေ့ရှိခဲ့ပါသည်။

၎င်းတို့အား စစ်ဆေးရှာဖွေရာ တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်နေ Mr.Liu Jian Yue ၊ (၄၇)နှစ် နှင့် Mr.Yang Jian Zhang ၊ (၅၁)နှစ်တို့ဖြစ်ကြောင်းသိရှိရပြီး Mr.Liu Jain Yue ၏လည်ပင်း၌ အမှုမှ ပျောက်ဆုံးသွားသည့် ကျောက်စိမ်း ဆွဲပြားအား ၀တ်ဆင်လျက်တွေ့ရှိခဲ့ပါသည်။

ယင်းသို့ ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား(၂)ဦးအား အမှုဖြင့်ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment