Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

မွေးရပ်မြေဂျပန်နိုင်ငံကို သဘောမကျလို့ ရုရှားနိုင်ငံသား ဖြစ်ချင်နေသူ




 မွေးရပ်မြေဂျပန်နိုင်ငံကို သဘောမကျလို့ ရုရှားနိုင်ငံသား ဖြစ်ချင်နေသူ

ဂျပန်ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ တက်ဆူရာအဘိုဟာ မွေးရပ်မြေဂျပန်နိုင်ငံကို မပြန်ချင်တာကြောင့် မော်စကိုကို သွားတဲ့ တဆင့်ခံလေဆိပ် ရှီရီမက်ရီဗိုမှာ နေထိုင်နေခဲ့တာ နှစ်လကျော်လာခဲ့ပြီလို့ သိရပါတယ်။ အသက် ၃၆ နှစ်အရွယ် တက်ဆူရာက အင်တာဗျူးတစ်ခုမှာ သူအခုလို နေထိုင်နေတာက နိုင်ငံရေး ရည်ရွယ် ချက်ကြောင့်ဖြစ်ပြီး ဂျပန်ကို ပြန်ဖို့ထက် ရုရှားနိုင်ငံသားခံယူခွင့်ရဖို့ကို ပိုစိတ်ဝင်စားကြောင်း ၀န်ခံထားပါတယ်။ တက်ဆူရာက လက်ရှိအနေအထားက စီအိုင်အေအေးဂျင့်ဟောင်း အက်ဒ၀ပ်စနိုးဒန်ရဲ့အဖြစ်နဲ့ ခပ်ဆင်ဆင်လို့ ဆိုနိုင်ပါတယ်။ စနိုးဒန်ကတော့ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ လျှို့ဝှက်ချက်တွေကို ပေါက် ကြားစေခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး ရုရှားနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့ရာမှာ ရုရှားအစိုးရက သူ့ကို တစ်နှစ်နေထိုင်ခွင့်ပေးခဲ့ပါတယ်။ စနိုးဒန်ဟာ ရုရှားနိုင်ငံထဲ ၀င်ခွင့်မရခင်မှာ ရှီရီမက်ရီဗို လေဆိပ်မှာပဲ ၃၉ ရက်လောက် နေထိုင်ခဲ့ရပါတယ်။ ဂျပန်ဂျာနယ်လစ် တက်ဆူရာဟာ မေ ၉ ရက်မှာ ကျရောက်တဲ့ Victory Day  တုန်းက မော်စကိုမှာ ရှိနေခဲ့ပြီး မေ ၂၉ ရက်မှာ ရှီရီမက်ရီဗိုလေဆိပ်ကနေ လက်မှတ်ဝယ်ခဲ့ပေမယ် စိတ်ပြောင်း သွားပြီး လေယာဉ်ပေါ်တက်ဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ လေဆိပ်အာဏာပိုင်တွေကတော့  တက်ဆူရာ အခုလို သူတို့ဆီမှာ နေထိုင်နေတာဟာ စည်းမျဉ်းချိုးဖောက်တာမဟုတ်လို့ ခွင့်ပြုပေးထားပါတယ်။ တက်ဆူရာက ဂျပန်နိုင်ငံရဲ့လျှို့ဝှက်ချက်ထားရှိခွင့်ပေးတဲ့ ဥပဒေအရ ဂျာနယ်လစ်တစ်ယောက်အနေနဲ့ အမှန်တရားကို ဖော်ထုတ်ခွင့်မရှိတာမို့ ရုရှားနိုင်ငံသားအဖြစ် ခံယူချင်တာ ဖြစ်ကြောင်း ဆိုထားပါတယ်။ 

Ref – Vesti.ru
http://www.planet.com.mm/detail/28413/World

No comments:

Post a Comment