Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 12, 2015

ယနေ့ခေတ်မှာ အမျိုးသားတွေလိုပဲ အမျိုးသမီးတွေ ဘာ့ကြောင့် မျက်နှာပေါ်က အမွှေးအမျှင်တွေကို ဖယ်ရှားကြသလဲဆိုတာ




ကမ္ဘာကျော်မင်းသမီး Marilyn Monroe ဟာ မျက်နှာပေါ်က အမွှေးတွေကို ရိတ်ပစ်တတ်တယ်လို့ အရင်က သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ ဒါဟာ ကောလာဟလလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေလို အမျိုးသမီးတွေဟာ နိုင်ငံတကာမှာ ဘာ့ကြောင့် ခုလို မျက်နှာပေါ်ကအမွှေးအမျှင်တွေကို တစ်ပတ်တစ်ခါ ဖယ်ရှားလာကြရပါသလဲဆိုပြီး မေးခွန်းထုတ်ခံခဲ့ကြရပါတယ်။ ကောင်းကျိုးမရှိပဲနဲ့တော့ YouTube မှာ tutorial တွေ ထွက်လာတဲ့အထိ ဘယ်လိုရိတ်ရမယ်ဆိုတဲ့ နည်းတွေ ပြန့်လာတဲ့အထိ ဖြစ်လာမှာ မဟုတ်ပါဘူး။
အရင်တုန်းကတော့ ဘလိတ်ဓားကို အသုံးပြုပြီးမျက်နှာကို သေချာသတိထား ရိတ်ကြရပေမယ့် ခုနောက်ပိုင်း နည်းစနစ်တွေမြင့်မားလာတာကြောင့် မျက်နှာအမွှေးရိတ်ကိရိယာမျိုးစုံ ထွက်ရှိလာခဲ့ပါတယ်။ ခုလို မျက်နှာပေါ်က အမွှေးအမျှင်တွေ ရိတ်ခြင်းအားဖြင့် သင်ဟာ အသားရေပိုမိုချောမွေ့တာကို ခံစားရမှာဖြစ်သလို အရေပြားက ဆဲလ်အသေတွေကိုတောင် ဖယ်ရှားပြီးသား ဖြစ်လိမ့်မယ်လို့ ဆိုထားကြပါတယ်။
အနုပညာရှင်တွေ ခုလို ရိတ်ကြရတာကတော့ မျက်နှာအနီးကပ် ဓာတ်ပုံရိုက်ချက်တွေအတွက် ဒါဟာ ပြစ်မျိုးမှဲ့မထင် ဖြစ်စေတာကြောင့်လို့ သိရပါတယ်။ ခုနောက်မှာ ဒီနည်းဟာ ဆိုရှယ်မီဒီယာတွေ၊ ဘလော့ကာ၊ အလှအပဆိုက်တွေမှာ တော်တော်လေး ရေးသားဖော်ပြလာကြတာကြောင့် အလှအပရေးရာပညာရှင်တွေကိုယ်တိုင် ၀န်ဆောင်မှုပေးနေရတဲ့အရာတစ်ခု ဖြစ်လာပါတယ်။ ခုလို မျက်နှာအမွှေးရိတ်ခြင်းရဲ့ ကောင်းကျိုး နောက်တစ်ချက်ကတော့ မျက်နှာပေါ်လိမ်းတဲ့ သဘာဝအားဖြည့် skin -care တွေကိုလည်း လျင်မြန်စွာ စုပ်ယူပေးနိုင်တာကြောင့် ထိရောက်မှုက ပိုသိသာတယ်လို့ ပြောလာကြပါတယ်။
ဒါ့အပြင် လူတော်တော်များများက ထင်နေကြသလို တစ်ခါရိတ်လိုက်ပြီးရင် အမွှေးအမျှင် အထူကြီးတွေ ထွက်လာမလားဆိုတာ ကိုလည်း ရိတ်ဖူးထားတဲ့လူတွေက ငြင်းဆိုထားကြပါတယ်။
Ref:womenshealthmag
http://www.trend.com.mm/2015/08/06/beauty-7351

No comments:

Post a Comment