Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 2, 2015

ရေဘေးသင့်သူများအား လှူဒါန်းရန် အိမ်မှုကိစ္စလုပ်ပေးကာအလှူငွေရှာဖွေ

အဖွဲ့ဝင်တစ်ဦးက မီးပူတိုက်ပေးနေစဉ် (ဓာတ်ပုံ - သိန်းနီဦးဖေ့စ်ဘွတ်ခ်)
အိမ်မှုကိစ္စများလုပ်ကိုင် ပေးခြင်းဖြင့် ရရှိလာသောလုပ် အားခများကို မြန်မာတစ်နိုင်ငံလုံး ရှိ ရေဘေးသင့်ပြည်သူများကို လှူဒါန်းရန် လူငယ် ၁၃ ဦးကလုပ် ဆောင်နေကြောင်းသတင်းရရှိ သည်။

ရန်ကုန်မြို့တွင်နေထိုင် သော လူငယ်များသည် အိမ်မှု ကိစ္စများကို တစ်နာရီလျှင် ၂,၅၀၀ကျပ်နှုန်းဖြင့် မြို့နယ်ခြောက်ခု၌ ၀န်ဆောင်မှုပေးနေခြင်းဖြစ်ပြီး စတင်လုပ်ကိုင်ခဲ့သည့် နှစ်ရက်အတွင်း လုပ်အားခ ကျပ်နှစ်သိန်းခြောက်သောင်းကျော်နှင့် အလှူရှင်များထံမှ ကျပ်ကိုးသိန်းခွဲကျော် ရရှိခဲ့ကြောင်း ပါဝင်လုပ်ကိုင်နေသည့် မလင်းမြတ်အေးက ပြောသည်။
အ၀တ်လျှော်၊ မီးပူတိုက်၊ အိမ်သန့်ရှင်းရေးစသည့် အိမ်မှု ကိစ္စများကို မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ အင်းစိန်၊ ကြည့်မြင်တိုင်၊ မင်္ဂလာဒုံလေဆိပ်အနီးတစ်ဝိုက်ရှိ မြို့နယ်များတွင်ဝန်ဆောင်မှုပေးနေခြင်းဖြစ်ပြီး အဖွဲ့ဝင်အင်အားထပ်မံလိုအပ်နေကြောင်း အဖွဲ့ဝင် မဖူးပွင့်သဉ္ဇာဖြိုးကပြောသည်။
‘‘နှစ်ရက်ပေါင်း ရရှိခဲ့တဲ့ အ လှူငွေတွေကို ပွင့်ဖြူရေဘေးအ တွက် လှူလိုက်ပြီ’’ဟု ၎င်းကဆို သည်။
အိမ်မှုကိစ္စများဆောင်ရွက် ရန် အသက်(၂၀)မှ (၃၅) နှစ်အ ရွယ်ရှိ အမျိုးသားငါးဦးနှင့် အမျိုး သမီးရှစ်ဦးက ၀န်ဆောင်မှုပေးနေ ခြင်းဖြစ်သည်။
သြဂုတ် ၁ ရက်အထိဝန် ဆောင်ခနှင့်အလှူငွေစုစုပေါင်း ကျပ် ၁၁ သိန်းကျော်နှင့် အမေရိ ကန်ဒေါ်လာ ၁၂၅ နှင့် စင်ကာပူ ဒေါ်လာ ၆၅၀ ရရှိထားပြီး ဒုတိယ အကြိမ် ဟားခါးဒေသသို့ သွား ရောက်လှူဒါန်းရန်စီစဉ်နေ ကြောင်းသိရသည်။
‘‘ကျွန်မတို့က လူငယ်တွေ ဖြစ်နေတယ်။ လက်ထဲမှာလည်း ပိုက်ဆံမရှိဘူး။ လူငယ်တွေဆို တော့ လုပ်အားလှူဒါန်းနိုင်တယ်။ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် ဒီ အစီအစဉ်ကိုလုပ်ဖြစ်တာ’’ဟု မ ဖူးပွင့်သဉ္ဇာဖြိုးကရှင်းပြသည်။
အဆိုပါလူငယ်များသည် လူမှုအကျိုးပြုဖွံ့ဖြိုးရေးခေါင်း ဆောင်မှုသင်တန်းတက်ရောက်ခဲ့ သူများဖြစ်ပြီး နိုင်ငံတစ်ဝန်းရေ ကြီးမှုများဖြစ်ပေါ်ခဲ့သည့်အချိန် တွင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှ တစ်ဆင့် ပြည်သူ့ထံမှ ပြည်သူ့ ထံ သို့ အစီအစဉ် (ကျွန်တော်၊ကျွန် မတို့ကိုခိုင်းပါ)ဟု စာသားများ ရေးကာ ၀န်ဆောင်မှုလုပ်ပေးရန် ဇူလိုင် ၃၀ ရက်မှစတင်ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
http://7daydaily.com/story/43239

No comments:

Post a Comment