Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 4, 2015

ကယ်လီဖိုးနီးယားပြည်နယ်၌ မိုးကြိုးပစ်ချမှုကြောင့် မီးလောင်မှုများ ဖြစ်ပွား



Cooler weather, higher humidity aid battle against Northern California wildfire

ဝါရှင်တန် ၊ ၄-၈-၂၀၁၅

အမေရိကန် ပြည်ထောင်စုရှိ မိုးခေါင် ရေရှားမှုများ ဖြစ်ပေါ်နေသော ကယ်လီဖိုးနီးယား ပြည်နယ် တစ်ဝန်း၌ မိုးရွာသွန်းခြင်း မရှိဘဲ မိုးကြိုး ပစ်ချမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသတွင်း မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၂ ရက်တွင် ပြောကြားသည်။

အဆိုပါ မိုးကြိုးပစ်ချမှု များကြောင့် ပြည်နယ် မြောက်ပိုင်းတွင် မီးလောင်မှုများ ဖြစ်ပွားခဲ့ရာ ဒေသခံ ၁၂ဝဝဝ ခန့်အား ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် အာဏာပိုင် များက သတိပေးချက် ထုတ်ပြန် ထားကြောင်း သိရသည်။ ထို့ပြင် ပြည်နယ် အနောက်ပိုင်းတွင် မီးလောင်မှုများ ဆက်လက် ဖြစ်ပွားမည် ဆိုပါက ယင်းဒေသရှိ လူနေအိမ် ၅ဝဝဝ ခန့်နှင့် အဆောက်အအုံ များကို ခြိမ်းခြောက် လာနိုင်ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူ က ထပ်လောင်း ပြောကြား ထားသည်။

ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်း သည် သြဂုတ် ၁ ရက်က အရေးပေါ် ထုတ်ပြန်ချက် တစ်ခုကြေညာ ထားပြီး မီးသတ်ဝန်ထမ်း ၉ဝဝဝ ခန့်ကို ယင်းဒေသ တွင်းသို့ စေလွှတ် နေရာချထားကြောင်း သိရသည်။

ကယ်လီဖိုးနီးယား ပြည်နယ် တစ်လျှောက်တွင် မိုးကြိုးပစ်ချမှု များကြောင့် မကြာသေးမီ ရက်များအတွင်းက တောမီး လောင်ကျွမ်းမှု ၂၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment