Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 12, 2015

ပိုင်ဆိုင်သမျှ စွန့်လွှတ်၊ သာသနာ့ဘောင်ဝင်သွားတဲ့ သူဌေးကြီး

တရုတ်နိုင်ငံသား တစ်ဦးဟာ ပိုင်ဆိုင်ခြင်းတွေ အားလုံး စွန့်လွှတ်ပြီး သာသနာဘောင် ၀င်သွားခဲ့တာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲပါတယ်။ တစ်နှစ်ကို ၀င်ငွေ သန်းပေါင်းများစွာ ရှိနေတဲ့အပြင် လက်ရှိ ချမ်းသာကြွယ်ဝမှုကလည်း အတော် များပြားတာကြောင့် ဒီလိုမျိုး ပြုလုပ်ခဲ့ခြင်း အပေါ် မယုံနိုင်သူတွေ ရှိကောင်း ရှိပါလိမ့်မယ်။ လောကကြီးရဲ့ မဆုံးနိုင်သော လောဘတရားကို မြင်တွေ့ခဲ့ပြီး နောက်မှာ အသက် (၃၉)နှစ် အရွယ်ရှိ Liu Jingchong ဟာ ဂွမ်ဒေါင်ဒေသမှာ နေထိုင်တာ ဖြစ်ပြီး သာသနာဘောင်ဝင်ဖို့ သေချာ ပြင်ဆင်ခဲ့ပါတယ်။ တရားတော်တွေ အကြောင်း (၂)နှစ်နီးပါး လေ့လာပြီးနောက် ရပာန်းခံဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

၂၀၁၂ ဒီဇင်ဘာမှာ Liu Jingchong ဟာ ရှန်ဇီဒေသက တောင်တန်းတွေပေါ်မှာ တရားအကြောင်း
သွားရောက် လေ့လာခဲ့ပါတယ်။ အဲဒီမှာ စာဖတ်ခြင်း၊ တရားထိုင်ခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ဒီနောက် တရားဓမ္မတွေကြားမှာ ပျော်လာခဲ့ပါတယ်။ လောဘတွေကိုလည်း မုန်းတီးလာခဲ့ပါတယ်။ Liu Jingchong က လူသားတွေရဲ့ လောဘစိတ်ဟာ အတော မသတ်နိုင်ကြောင်း၊ အိမ်ကြီးကြီးမှာ နေထိုင်နိုင်ဖို့၊ ငွေကြေး
ချမ်းသာဖို့စတဲ့ အကြောင်းအရာ တွေကြောင့် စိတ်ပျက်စရာ ကောင်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
 တောင်ပေါ်မှာ နေထိုင်ခဲ့တဲ့ အချိန်တွေဟာ စိတ်ချမ်းသာစရာ ဖြစ်ခဲ့ပြီး လျှပ်စစ်မီးတောင် မရှိတာကြောင့်
 အေးချမ်းတဲ့ အရသာကို ခံစားရင်း တရားတော်နဲ့ ပတ်သက်တဲ့ စာတွေ ဖတ်ရှုခဲ့ပါတယ်။ သက်သက်လွတ်သာ စားသုံးခဲ့ပြီး မျှတတဲ့ စားသုံးမှုကြောင့် လောဘတွေ ချုပ်ငြိမ်းခဲ့ပါတယ်။ ဒီနောက် ဘုန်းကြီးဝတ်ဖို့
ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာ Liu Jingchong ဟာ ဘုန်းတော်ကြီးကျောင်းမှာ ချက်ပြုတ်ရေး တာဝန်ကို ရယူရင်း တရားဓမ္မတွေနဲ့ ပျော်မွေ့နေကြောင်း သိရပါတယ်။
messenger news journal

No comments:

Post a Comment