Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 24, 2015

ဗြိတိန်လေကြောင်း ပြပွဲမှ လေယာဉ်တစ်စင်း အဝေးပြေး လမ်းမပေါ်သို့ ပျက်ကျရာ ၁၁ ဦးသေဆုံး


လန်ဒန် ၊ ၂၄-၈-၂ဝ၁၅

ဗြိတိန်နိုင်ငံ အရှေ့တောင်ပိုင်း ၌ ပြုလုပ်သော လေကြောင်းပြပွဲ တစ်ခုတွင် ပါဝင်ပြသ ခဲ့သည့် လေယာဉ် တစ်စင်းသည် အဝေးပြေး လမ်းမကြီး ပေါ်သို့ ပျက်ကျ ခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံး ခဲ့ကြောင်း အာဏာပိုင် များက ပြောကြား ထားသည်။


Hawker Hunter အမျိုးအစား အဆိုပါ လေယာဉ်သည် လေကြောင်း ပြပွဲတွင် ပါဝင် ပြသစဉ်အတွင်း သြဂုတ် ၂၂ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၂ဝ မိနစ်ခန့်က မော်တော်ယာဉ်များ သွားလာ နေသည့် အဝေးပြေး လမ်းမပေါ်သို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်။


ယင်းလေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူ များတွင် မိသားစု တစ်စု ပါဝင်ကြောင်း ဗြိတိန် အရေးပေါ် ဌာနက ထုတ်ပြန် ထားသည်။

ထို့ပြင် အဆိုပါ ဖြစ်စဉ်အတွင်း ထိခိုက် ဒဏ်ရာရရှိသူ ၁၄ ဦးကို ကျန်းမာရေး အာဏာပိုင် များက ဆေးကုသ ပေးလျက်ရှိပြီး ၄င်းတို့သည် စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း သိရသည်။ အဆိုပါ လေယာဉ် ပျက်ကျမှုနှင့် စပ်လျဉ်း၍ လေကြောင်း အာဏာပိုင် များက စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

No comments:

Post a Comment