Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

တိတ်တဆိတ်မင်္ဂလာဆောင်မယ့် သတင်းတွေထွက်နေတဲ့ ဂျနီဖာလိုပက်ဇ်


 အမေရိကန်အဆို တော် ဂျနီဖာလိုပက်ဇ်နှင့် ကကွက်ဖန်တီးသူကက်စပါ စမတ်တို့သည် တိတ်တဆိတ် မင်္ဂလာဆောင်ရန်စီစဉ်နေသည် ဟုသတင်းထွက်နေသည်။
ဂျနီဖာလိုပက်ဇ်နှင့် ကက် စပါစမတ်တို့သည် သုံးနှစ်တာချစ် ကြိုက်ခဲ့ပြီးနောက် ပြီးခဲ့သည့်ဇွန် လတွင် လမ်းခွဲကြောင်း ကြေညာ ခဲ့သော်လည်း လက်ရှိတွင် ပြန်ပေါင်းထုပ်လျက်ရှိသည်ဟုသိရ သည်။ အသက် (၄၆)နှစ်အရွယ်ရှိ ဂျနီဖာလိုပက်ဇ်နှင့် အသက်(၂၈)နှစ်အရွယ်ရှိ ကက်စပါစမတ်တို့သည် မိသားစုတစ်စုထူထောင်ရန် အကျဉ်းချုံး မင်္ဂလာပွဲတစ်ပွဲ နှင့် လက်ထပ်ရန် စိတ်အားထက်သန်နေသည်ဟု သတင်းရင်းမြစ် တစ်ခုက အမေရိကန် OK! မဂ္ဂဇင်းအားပြောကြားသည်။
‘‘ဂျေလိုအနေနဲ့ နောက်ထပ် အိမ်ထောင်ပြုတာမှန်၊ မမှန်ဆိုတဲ့ ပြောကြားမှုတွေကိုမလိုချင်ပါ ဘူး။ ကက်စပါက ဂျေလိုရဲ့ အမြွှာ    ကလေးနှစ်ယောက်နဲ့ အဆင်ပြေတယ်။ သူ့ရဲ့သွေးရင်း သားရင်းလည်းလိုချင်နေတယ်’’ဟု သတင်းရင်းမြစ် ကပြောသည်။
၎င်းတို့၏မင်္ဂလာပွဲကို ဂျနီ ဖာအန်နစ္စတန်တို့စုံတွဲကဲ့သို့ တိတ်တဆိတ်ကျင်းပလိုသည်ဟု သိရသည်။ ယင်းမင်္ဂလာပွဲကို ဧည့်သည်များအား ပါတီပွဲကျင်းပ မည်ဟုပြော၍ တိတ်တဆိတ် ကျင်းပမည်ဟု    မျှော်လင့်ထား သည်။    
—Ref: Contactmusic
http://7daydaily.com/story/43827

No comments:

Post a Comment