Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 12, 2015

မိုင်တိုင် ၁၄၉/၆ နှင့် ၁၄၉/၇ ကြား ယာဉ်မတော်တဆမှု ဖြစ်ပွား ၂ ဦး သေဆုံး၊ ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရ


 (၁၂-၈-၂၀၁၅)ရက်နေ့ နေ့လည်(၁၄း၁၅)နာရီ အချိန်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၉/၆ နှင့် ၁၄၉/၇ ကြား (အသွားလမ်း)၌ ယာဉ်အမှတ် 6E/xxxx Landcruiser (အဖြူရောင်) ယာဉ်သည် မိုင်တိုင် ၁၄၉/၅ တွင် စတင်ဘီးပေါက်ပီး အရှိန်မထိန်းနိုင်ဘဲ အသွားလမ်းအတိုင်း တောက်လျှောက်ဆွဲသွားရာ မိုင်တိုင် ၁၄၉/၆ တွင် လမ်းလယ်ကျွန်းထဲသို့ ရောက်ရှိကာ (၃)ပတ်ခန့်လိမ့် ပြီး အပြန်လမ်းဘက်သို့ ရောက်ရှိတိမ်းမှောက်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။


ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါ ကျား(၂) မ(၁) ပေါင်း(၃)ဦး လိုက်ပါလာပြီး ကျား(၁) မ(၁) စုစုပေါင်း(၂)ဦး နေရာတွင် သေဆုံးပြီး၊ ကျား(၁)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် တောင်ငူ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

သတင်း - ဓါတ်ပုံ ။  ။ Ministry of Construction (fb)

No comments:

Post a Comment