Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 12, 2015

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ကို လုံခြုံရေးဝိုင်း


 နေပြည်တော် ဒက္ခိဏ သီရိမြို့ နယ်မှာ ရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ပြည်ခိုင်ဖြိုး ပါတီ) ဌါနချုပ် ထဲကို ရဲနဲ့တပ် အင်အား ၂၀၀ လောက်နဲ့ ဗုဒ္ဓဟူးနေ့ ည ၁၀ နာရီ ခွဲ အချိန်မှာ ၀ိုင်း ထားခဲ့ ကြောင်း သိရ ပါတယ်။

အဲဒီနောက်မှာတော့ နေပြည်တော် ကောင်စီ ဥက္ကဌ နဲ့ စစ်တပ် အရာရှိတွေ ပါဝင် တယ်လို့ ယူဆရတဲ့ ကား ၅ စီး ရောက်ရှိ လာပြီး ပါတီ ဌာနချုပ် အတွင်း ၀င်ရောက်သွား တယ်လို့ သိရပါတယ်။

ပါတီဌါနချုပ် အတွင်း ဒီကနေ့ အစည်း အဝေး လာတက်သော ကိုယ်စားလှယ် အချို့ နှင့် ပါတီ သတင်းစာမှ မီဒီယာ သမား အချို့ ရှိနေပြီး၊ အဲဒီ မီဒီယာ သမားများတွေကို အပြင် ထွက်ခိုင်း ခဲ့သည်ဟု သိရပါတယ်။

ဒီနေ့ ညနေတွင် ဦးရွှေမန်းလုံခြုံရေးတာဝန်ယူထားသော ရဲမှူးအား ရဲချုပ်မှ ခေါ်ယူ စစ်ဆေး ခဲ့တယ်လို့လည်း သိရပါတယ်။

ပါတီဌာနချုပ်အတွင်း ဘယ်သူတွေ ရှိနေတယ် ဆိုတာကိုတော့ အတိအကျ မသိရသေးပါ။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment