Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 21, 2015

အမေရိကန် အသက်ရာပြည့် အဘိုး ၊ အဘွားဇနီးမောင်နှံ နှစ်ဦး၏ ၇၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည် အခမ်းအနား ကျင်းပ


ဝါရှင်တန် ၊ ၂၁-၈-၂၀၁၅

အမေရိကန် ပြည်ထောင်စု မေရီလန်း ပြည်နယ်ရှိ အသက်ရာပြည့် အဘိုး ၊ အဘွား ဇနီးမောင်နှံ နှစ်ဦးက ၄င်းတို့၏ ၇၅ နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည် အခမ်းအနားကို အငြိမ်းစား ဂေဟာတစ်ခု တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း ယမန်နေ့ ထုတ်ပြန်ချက်များ အရ သိရသည်။

ဝေါ်လ်တာနှင့် လက်စ်လီကင်မဲလ် အမည်ရှိ အဆိုပါ စုံတွဲ သည် ၁၉၄ဝ ပြည့်နှစ် သြဂုတ် ၁၈ ရက်က လက်ထပ်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ၄င်းတို့နှစ်ဦး စလုံး၏ အသက်မှာ ၁ဝဝ ပြည့်ပြီ ဖြစ်သည်။ ၄င်းတို့ နှစ်ဦးသည် မင်္ဂလာ နှစ်ပတ်လည် အခမ်းအနား ကို ဘာလ်တီမိုးမြို့ ကာ့စ်ဗယ်လ် ဒေသရှိ သက်ကြီးရွယ်အို ဂေဟာတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် ငယ်စဉ်က ဧမာနွေလ လူသရန် ဘုရားကျောင်း ၌ တွေ့ဆုံပြီးနောက် ချစ်ကျွမ်း ဝင်ခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ တွေ့ဆုံချိန်တွင် နှစ်ဦးစလုံးမှာ အသက် ၂၂ နှစ်အရွယ်သာ ရှိသေးသည်။ ဝေါ်လ်တာ သည် ဘာလ်တီမိုး ဓာတ်ငွေ့နှင့် လျှပ်စစ်ကုမ္ပဏီ တွင် နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်ခဲ့ပြီး လက်စ်လီက အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

အဆိုပါ ဇနီးမောင်နှံ နှစ်ဦးတွင် သား နှစ်ဦး၊ မြေး လေးဦးနှင့် မြစ်လေးဦး ရှိပြီး ၄င်းတို့နှင့် အတူ နေထိုင်လျက် ရှိကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment