Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 12, 2015

အလိုအလျှောက် အလုပ်လုပ်နိုင်သော နည်းပညာများကြောင့် အမေရိကန် ၌ အလုပ်ခွင်၏ ၄၇ ရာခိုင်နှုန်း ပျောက်ကွယ်နိုင်


World's first self-driving truck takes to the highways in Nevada

ဝါရှင်တန် ၊ ၁၂-၈-၂၀၁၅

လူသားများကို ၀န်ဆောင်မှုများ ပေးနိုင်မည့် စက်ရုပ်များ နှင့် အလိုအလျှောက် မောင်းနှင်နိုင်သော ယာဉ်များက မိမိတို့၏ နေ့စဉ်ဘ၀ကို ပိုမို လွယ်ကူအောင် ဖန်တီး ထုတ်လုပ် ထားခြင်း ဖြစ်သော်လည်း ၄င်းတို့ကြောင့် ၀န်ထမ်းပေါင်း များစွာသည် အလုပ်လက်မံ ဖြစ်သွား နိုင်ကြောင်း ကျွမ်းကျင်သူ များက တွက်ချက် ပြသည်။

အလုပ် အမျိုးမျိုးကို အလိုအလျှောက် လုပ်ဆောင်နိုင်ရန် ပရိုဂရမ် သွင်းထားသည့် စက်ရုပ် နည်းပညာ များက လူသားတို့ ကိုယ်တိုင် လုပ်ဆောင်သော လုပ်ငန်း အချို့ ကို နောင်နှစ်ပေါင်း ၂၀ အတွင်း နေရာယူ သွားနိုင်ရာ အမေရိကန် တစ်နိုင်ငံတည်း တွင် အလုပ်သမားပေါင်း ခုနှစ်သန်း ခန့်က အလုပ်လက်မဲ့ ဖြစ်သွားနိုင်ကြောင်း သိရသည်။

ဘီဘီစီ သတင်းဌာန ၏ ဖော်ပြချက် အရ အလိုအလျှောက် အလုပ်လုပ် နိုင်သော နည်းပညာ များဖြင့် ပထမဆုံး ထိခိုက်သူ များတို့မှာ ထရပ်ကား မောင်းနှင်သူများ ဖြစ်ကြောင်း သိရသည်။ အမေရိကန် ထရပ်ကား အဖွဲ့အစည်း ၏ စစ်တမ်းအရ အမေရိကန် တွင် ထရပ်ကား မောင်းနှင်၍ လုပ်ကိုင် စားသောက် နေသူများမှာ ခုနစ်သန်းခန့် ရှိကြောင်း သိရသည်။

ယာဉ်မောင်း အရေအတွက် သည် ၃ ဒသမ ၄ သန်းသာ ရှိသော်လည်း ကျန် ၃ ဒသမ ၆ သန်းတို့မှာ ယာဉ်နောက်လိုက် များအဖြစ် လည်းကောင်း ၊ အကူ ယာဉ်နောက်လိုက် များအဖြစ် လည်းကောင်း လိုက်ပါကြလျက် ရှိကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်တွင် ကောက်ခံခဲ့သည့် အမေရိကန် သန်းခေါင် စားရင်းတွင်လည်း အမေရိကန် ၏ ပြည်နယ် ၂၉ ခုခန့်တွင် အလုပ် အမျိုးမျိုး အနက် ထရပ်ကား မောင်းနှင်၍ အသက်မွေး ၀မ်းကျောင်းသူ အများဆုံး ဖြစ်နေကြောင်း သိရသည်။

ယခုအခါ စမ်းသပ်မှုများ ပြုလုပ်နေပြီ ဖြစ်သော Daimler ကုမ္ပဏီမှ ထရပ်ကားများမှာ အမေရိကန် လမ်းမများ ပေါ်တွင် သွားလာနိုင်သော ကမ္ဘာ့ပထမဆုံး လိုင်စင်ရ အလိုအလျှောက် မောင်းနှင်နိုင်သည့် ထရပ်ကားများ အဖြစ် သတ်မှတ် ထားကြောင်း သိရသည်။ အလိုအလျှောက် မောင်းနှင်သော ကားများမှာ ကုမ္ပဏီ အတွက် ၀န်ထမ်း ကုန်ကျစရိတ် လျှော့ချ ပေးနိုင်ခြင်း ၊ ပို၍ လုံခြုံ စိတ်ချမှုရှိခြင်း နှင့် ဘေးပတ်ဝန်းကျင် အတွက် ကောင်းမွန်ခြင်း တို့ကြောင့် Daimler ပြီးနောက် ကုမ္ပဏီ အမြောက်အမြား မှာလည်း ထိုညန်းတူ အဝေးပြေး လမ်းမများပေါ် တွင် ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်ရန် အတွက် အလိုအလျှောက် မောင်းနှင်သော မောင်းသူမဲ့ ကားများကို အသုံးပြု သွားရန် ဆန္ဒရှိနေကြောင်း သိရသည်။

အောက်စဖို့စ် တက္ကသိုလ် မှ သုတေသီ များ၏ လေ့လာမှု တစ်ခုအရ နောင်လာမည့် နှစ် ၂၀ အတွင်း နည်းပညာ တိုးတက်မှုကြောင့် အမေရိကန် အလုပ်ခွင် ၏ ၄၇ ရာခိုင်နှုန်း မှာ ပျောက်ကွယ် သွားနိုင်သည် ဟု သုံးသပ် ပြောသည်။

Robot truck hits public roads for first time

#PyiChitThar

No comments:

Post a Comment