Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 22, 2015

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)က ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင်များနှင့် ခရိုနီများကို မွေးထုတ်ပေးခဲ့ဟု ဦးဌေးဦးပြော


Saturday, August 22, 2015
အငြိမ်းစားဗိုလ်ချုပ်မှူး ကြီး သန်းရွှေသည် ပါတီစုံဒီမိုက ရေစီစနစ်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟို အလုပ်အမှုဆောင်များကို စနစ် တကျ လေ့ကျင့်ခြင်းနှင့် ခရိုနီ သူဌေးများမွေးထုတ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ယုံကြည်စွာ လွှဲအပ်ခဲ့ခြင်းဖြစ်သောကြောင့် လက်ရှိဖြစ်ပေါ်နေသော အပြောင်းအလဲကိစ္စများတွင် ပါဝင်ခြင်းမရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးကပြောသည်။
ဦးဌေးဦးက သြဂုတ် ၂၁ ရက်တွင် ဗီအိုအေသတင်းဌာန ရန်ကုန်ရုံးတာဝန်ခံ ဒေါ်ခင်စိုးဝင်း နှင့် တွေ့ဆုံမေးမြန်းခန်း၌ အနား ယူသွားသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သြဇာအာဏာ သည် ယခုထက်ထိ ပြည်ခိုင်ဖြိုးပါတီအပေါ်တွင် သက်ရောက်နေဆဲဟု သုံးသပ်မှုများအပေါ် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
‘‘ဗဟိုအလုပ်အမှုဆောင် တွေအားလုံးကို ရှေ့ဆက်သွား မယ့် ပါတီစုံဒီမိုကရေစီလမ်း ကြောင်းမှာ ဘယ်လိုဆောင်ရွက်ရ မယ်ဆိုတာ သူလေ့ကျင့်ပေးခဲ့ တယ်။ အဲဒီထဲမှာ စီးပွားရေးလည်း ပါတယ်။ တချို့က နာမည်ပျက်နဲ့ မကောင်းပြောနေကြတဲ့ ခရိုနီတွေ ပေါ့။ တကယ်တော့ ခရိုနီဆိုတဲ့ ဥစ္စာ ရှိကိုရှိရမယ်။ မရှိလို့မရဘူး။ သူဌေးရှိရမယ်။ သူကလုပ်ငန်း တွေလုပ်ရမယ်။ အစိုးရပဲလုပ်လို့မရဘူး။ သူလုပ်ပြီး အလုပ်အကိုင် ရရှိရေးတွေ ကျယ်ပြန့်လာတာနဲ့ အမျှ ဆောင်ရွက်ရမယ်။ ကျွန် တော်တို့မှာ သူဌေးမရှိဘူး။သူဌေး မွေးပေးခဲ့တာလည်းသူပဲ။ အဲဒီက နေ အားလုံးကို အခြေခိုင်ပြီးထိုက် သင့်တဲ့ အချိန်အတိုင်းအတာတစ်ခုရောက်မှ လွှဲပေးခဲ့တာပဲ။ ဒီအချိန်တော့ ကျန်တဲ့လူတွေနဲ့ ဆက်လုပ်လို့ရပြီလို့ ယုံကြည်ပြီး လွှဲပေးခဲ့တာဖြစ်တဲ့အတွက် သူမပါပါဘူး’’ ဟု ဦးဌေးဦးက ပြောသည်။
ဦးဌေးဦးသည် လာမည့် အစိုးရသစ်ဖွဲ့စည်းရာတွင်သမ္မတ လောင်းအဖြစ် တာဝန်ထမ်း ဆောင်သွားရန် ရှိ၊ မရှိ ယတိပြတ် ပြောကြားသွားခြင်းမရှိဘဲ လက်ရှိ အချိန်၌ ရွေးကောက်ပွဲတွင် ပါတီ အောင်နိုင်ရေးကိုသာ အဓိကထား ၍ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
7Day Daily

No comments:

Post a Comment