Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 4, 2015

သတင်းစာဆရာကြီး ကြေးမုံဦးသာဘန်း ကွယ်လွန်

သတင်းစာဆရာတစ်ဦးလည်း ဖြစ်သူ၊ယခင်တက္ကသိုလ်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကြေးမုံဦးသာဘန်းသည်အူမကြီးကင်ဆာရောဂါဝေဒနာခံစားနေရပြီး ဆေးဝါကုသခံယူနေရင်း သြဂုတ် ၄ ရက်(ယနေ့)နေ့လည်(၂)နာရီခန့်၌ကွယ်လွန်ခဲ့ကြောင်းသိရသည်။

ဆရာကြီးနေမကွယ်လွန်မီအခါကစမ်းချောင်းမြို့နယ်ရှိ ဝေဠုဝန်အိမ်ရာ၊တိုက် (၃၃)၊မြေညီထပ်တွင်နေထိုင်ခဲ့ပြီး ကွယ်လွန် ချိန် တွင် အသက် (၈၀)ကျော်ခန့်ရှိသည်ဟုလည်းသိရပြီးလတ်တလောချိန်တွင် နားရေးကိစ္စများအတွက် အသေးစိတ် အစီ အစဉ် များ မသိရသေးပေ။

ဆရာကြီးကြေးမုံဦးသာဘန်းကွယ်လွန်သွားသည့်အတွက် ရခိုင်အမျိုးသားပါတီဗဟိုအလုပ်အမှုဆောင်ဦးအေးသာအောင်က" ဟို ဘက်ခေတ်ပိုင်းတွေမှာတော့ သူ့နဲ့ မရင်းနှီးတဲ့အတွက် သူ့အကြောင်းသိပ်မသိဘူး။၈၈ မှာ အမျိုးသားသမဂ္ဂကို ဖွဲ့စည်းတဲ့အခါမှာ ရခိုင်အမျိုးသားသမဂ္ဂကို ဦးသာဘန်းပါခဲ့တယ်။ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်တဲ့အခါမှာလည်းအတွင်း ရေးမှုး၊အဖွဲ့ဝင်အနေနဲ့ပါခဲ့တယ်။နောက်ပိုင်းမှာတော့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း အတွင်း ရေးမှုး၊ အ ဖွဲ့ဝင်အနေနဲ့ပါခဲ့တယ်။နောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းတဲ့အခါမှာတော့ ကျန်းမာရေးကြောင့် သူမပါ တော့ ဘူး" ဟု ပြောသည်။

ဆဲဗင်းဇူလိုင်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှရွှေကလည်း " ၁၉၅၃ခုနှစ် အောက်တိုဘာကျောင်းတစ်လ ပိတ် ရေးဆောင်ရွက်တဲ့အထဲမှာ ပါခဲ့တယ်။

ကျနော်တို့ထက်တော့ ကျောင်းရောက်တာစောတယ်။ကျနော့်ထက် ၁၀ နှစ်ကြီး တယ်။ အဲဒီမှာ မျက်ရည်ယိုဗုံးတွေဘာတွေ ထိပြီးတော့ မျက်မှန်တွေ တပ်ရတဲ့အဆင့်ထိဖြစ်သွားတယ်။နောက်တော့ ၁၉၆၁-၆၂ ဆဲဗင်း ဇူလိုင်ကာလတွေမှာ ရန်ကုန်တက္ကသိုလ်အမှုဆောင် ၁၁ယောက် အီးစီထဲမှာ ကျနော်တို့နဲ့ အတူတူ တွဲ လုပ်ဖြစ်ခဲ့ကြ တယ်။ တက္ကသိုလ်မှာက ဗကသ၊တကသ တပ်ဦးဆိုပြီး ရှိတာကြောင့် အဲဒီအချိန်တုန်းက ကြာပြီဆိုတော့ ဘယ်သူဘယ်အထဲမှာ ပါလည်းဆိုတာတော့ မမှတ်မိတော့ဘူး။သူကတော့ ကျောင်းသားလှုပ်ရှားမှုမှာ ဆုံးရှုံးအနစ်နာခံပြီးလုပ်ခဲ့တာတွေ အများကြီးရှိတယ်။နောက်ပိုင်း သူ့ကိုသိပ်မတွေ့ဖြစ်တော့ဘူး။တိုင်းရင်းသားတစ်ဦးဖြစ်တဲ့အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ လှုပ်ရှားနေတာတော့သိတယ် " ဟုပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment