Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 21, 2015

ဆုံးသွားပြီဖြစ်တဲ့ ဇနီးဖြစ်သူကို အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့ လေးမိုင်ရှည်တဲ့ နေကြာခင်းစိုက်ခဲ့တဲ့ အဘိုးအို

Wisconsin ပြည်နယ် Eau Claire မြို့ က လမ်းမဘေးတစ်လျှောက်မှာ လယ်သမားအဘိုးအို Don Jaquish ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ဇနီး Babbette အတွက် လေးမိုင်ရှည်တဲ့ နေကြာခင်းစိုက်ပျိုးခဲ့ပါတယ်။

အဘွားအို Babette ဟာ ကင်ဆာရောဂါကို ခြောက်နှစ်တာခံစားခဲ့ရပြီး အဆိုပါ ကာလအတွင်းမှာ ကင်ဆာရောဂါသုတေသနနဲ့ ရောဂါသည်ပြုစုစောင့်ရှောက်ရေး ရန်ပုံငွေအဖြစ် ‘မျှော်လင့်ခြင်းမျိုးစေ့လေးများ’ အစီအစဉ်ကို ထူထောင်ပြီး နေကြာခင်း စိုက်ပျိုးမှုကရရှိတဲ့ငွေကို ကင်ဆာသုတေသနရန်ပုံငွေအတွက် အသုံးပြုဖို့ ရည်ရွယ်ချက် ထားရှိခဲ့ပါတယ်။

အဘွားအိုသေဆုံးချိန်မှာ အဘိုးဟာ တခြားကင်ဆာရောဂါကိုတွန်းလှန်တိုက်ဖျက် နေသူ ဝေဒနာရှင်တွေကို အားပေးဖို့ အတွက် လေးမိုင်ရှည်လျားတဲ့ပန်းခင်းကို စိုက်ပျိုးဖို့ အဘွားအိုကို ကတိပေးခဲ့ပါတယ်။ အခုအခါမှာတော့ ပန်းခင်းဟာ အပွင့်တို့  ဝေဆာနေပါပြီ။

“ Babbette နဲ့ ဆုံဖူးကြတဲ့လူတိုင်း သူမကို ချစ်မြတ်နိုးခဲ့ကြပါတယ်။ ကျွန်တော်က သူမ ပြန်ချစ်ခဲ့တဲ့ ကံကောင်းတဲ့ လူသားတစ်ယောက်ဖြစ်ခဲ့တာပါ ” လို့  အဘိုး Don က ပြောကြားခဲ့ပါတယ်။ နေကြာစေ့တွေကို ရောင်းလို့ ရတဲ့ အမြတ်ငွေတွေကို ဆေးရုံတွေ၊ ကင်ဆာသုတေသနရန်ပုံငွေနဲ့ လူနာထောက်ပံ့မှုတွေ အတွက် လှူဒါန်းသွားဖို့ ရည်ရွယ်ထားတယ်လို့ Don က ပြောပြခဲ့ပါတယ်။
TrendMyanmar

No comments:

Post a Comment