Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 11, 2015

ရေနစ်နေသည့် သမီးဖြစ်သူကို ကယ်ဆယ်ရန် ဟန့်တားခဲ့သည့် ဖခင်ကို ဒူဘိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး


မိသားစု ဂုဏ်သိက္ခာအတွက်ဟုဆိုကာ ရေနစ်နေသည့် သမီးကို ကယ်ဆယ်မည့်သူများအား နှောင့်ယှက် တားဆီးခဲ့သည့် အမျိုးသား တစ်ဦးအား ဒူဘိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

ဩဂုတ် ၉ ရက်က ဒူဘိုင်းရှိ ကမ်းခြေတစ်ခုတွင် အသက် ၂၀ အရွယ် မိန်းကလေး တစ်ဦး ရေနစ်နေရာ ကမ်းခြေ လုံခြုံရေး ဝန်ထမ်းများက သူမကို သွားရောက် ကယ်တင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း မိန်းကလေး၏ ဖခင်က မိမိ၏ သမီးကို လူစိမ်းအမျိုးသား တစ်ဦးက ထိကိုင်ခြင်းသည် မိသားစု ဂုဏ်သိက္ခာကို ပျက်ပြားစေကြောင်း ယူဆပြီး ကြားဝင် ဟန့်တားခဲ့ခြင်း ဖြစ်သည်။
မိန်းကလေး၏ ဖခင်က မိမိ၏ သမီးကို လူစိမ်း အမျိုးသားများ ထိတွေ့ ကိုင်တွယ်မှုကို ခွင့်ပြုမည့်အစား သူမ သေဆုံးသွားသည်ကိုသာ လက်ခံမည်ဟု ကြုံးဝါးပြောဆိုခဲ့ကြောင်း သိရသည်။ ဒူဘိုင်း ရဲတပ်ဖွဲ့၏ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးဌာနမှ အကြီးအကဲ ဒုရဲမှူးကြီး အာမက် ဘာကွီဘားက ယင်းအမျိုးသား၏ နှောင့်ယှက်မှုကြောင့် မိန်းကလေး၏ အသက်ကို မမီခဲ့ကြောင်း သတင်းထောက်များထံ အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါ အမျိုးသားကြီးသည် ဇနီးဖြစ်သူနှင့် သားသမီးများကို ခေါ်ဆောင်ကာ ဒူဘိုင်းရှိ ကမ်းခြေတစ်ခု၌ ပျော်ပွဲစား ထွက်လာခြင်း ဖြစ်သည်။ မိန်းကလေးသည် ရေဆင်းကူးရာမှ ရုတ်တရက် ကြောက်အားလန့်အား အော်ဟစ်ခဲ့ရာ သူမ ရေနစ်နေမှန်း သိရှိပြီး အနီးရှိ ကမ်းခြေလုံခြုံရေး ဝန်ထမ်း အမျိုးသား နှစ်ဦးက ကယ်ဆယ်ရန် ကြိုးစားခဲ့ကြသည်။ ထိုအချိန်တွင် မိန်းကလေး၏ ဖခင်က ကြားဝင် ဟန့်တားလာခြင်း ဖြစ်သည်။
“အဲဒီလူကတော့ သူ့သမီးကို လူစိမ်းအမျိုးသား တစ်ယောက်က ထိကိုင်တာကို ခွင့်ပြုမယ့်အစား အသေခံခိုင်းလိုက်မယ်လို့ ပြောပါတယ်”ဟု ဘာကွီဘားက ဆိုသည်။ ၎င်းက “အဲဒီလူက အရပ်မြင့်မြင့်နဲ့ အရမ်းသန်စွမ်းတယ်။ သူက ရေထဲဆင်းပြီး မိန်းကလေးကို သွားကယ်မယ့် အမျိုးသားတွေကို အတင်းဆွဲထားပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်တယ်လေ”ဟုလည်း ပြောကြားခဲ့သည်။
မိန်းကလေးကို ရေထဲမှ ဆယ်ယူနိုင်ချိန်တွင် သေဆုံးနေပြီဖြစ်ပြီး ကမ်းခြေလုံခြုံရေး ဝန်ထမ်းများသာ အချိန်မီ ရောက်ရှိခဲ့လျှင် ထိုကဲ့သို့ ကံဆိုးမည် မဟုတ်ဟုလည်း ဘာကွီဘားက မှတ်ချက်ပြုခဲ့သည်။ ဒူဘိုင်း ရဲတပ်ဖွဲ့သည် အဆိုပါ ဖြစ်ရပ်နှင့် စပ်လျှဉ်းပြီး မိန်းကလေး၏ ဖခင်ကို ဝတ္တရား နှောင့်ယှက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြောင်း သိရသည်။
_Ref: Staritstimes
http://7daydaily.com/story/43909

No comments:

Post a Comment