
စိတ်ဖောက်နေတဲ့သူတွေ၊ ကျန်းမာတဲ့သူတွေထက် ဦးနှောက် ထိခိုက်မှုဖြစ်ထားတဲ့ သူတွေမှာ မှတ်ဉာဏ်တွေ လှုံ့ဆော် သတိရစေမယ့် ဂီတရဲ့အစွမ်းကို ပထမဦးဆုံးအကြိမ် လေ့လာစမ်းစစ်တာဖြစ်တယ်လို့ ဒေါက်တာ Amee Baird နဲ့ Dr Séverine Samson တို့ကပြောပါတယ်။ ဦးနှောက် ထိခိုက်မှုဖြစ်ထားတဲ့သူတွေအတွက် သိပ္ပံပညာရှင်တွေက နာမည်ကြီးပေါ့ပ်သီချင်းတွေ ဖွင့်ပြတဲ့ပုံကို Neuropsychological Rehabilitation ဂျာနယ်မှာ တွေ့ရပါတယ်။ လူနာတွေအတွက် ဦးနှောက်မထိခိုက်ခင်က တစ်သက်လုံး နားထောင်လာတဲ့သီချင်းတွေ ဖွင့်ပြခဲ့ပါတယ်။ ပြီးတော့ ဖွင့်ပြတဲ့သီချင်းဟာ သူတို့နဲ့ ဘယ်လောက်များ ရင်းနှီးနေလဲ၊ ကြိုက်လား မကြိုက်လားဆိုတာနဲ့ ဘာတွေ ပြန်မှတ်မိလာလဲဆိုတာကို မေးပါတယ်။
နောက်ထပ် လေ့လာမှုတွေလုပ်ဖို့ ကျန်းမာတဲ့ စေတနာ့ဝန်ထမ်းတွေကိုလည်း ခေါ်ယူထားပါတယ်။ ဂီတရဲ့ သက်ရောက်မှုအောက်က အတုမရှိတဲ့မှတ်ဉာဏ်တွေ ရဲ့ဖြစ်စဉ်ကို တစ်နေ့တော့ သေချာပေါက် နားလည်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
Ref:dailymail
http://www.trend.com.mm/2015/08/27/news-7509
No comments:
Post a Comment