Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 3, 2015

အိန္ဒိယ၌ ရေလွှမ်းမှုကြောင့် လူ ၈၁ ဦးထက်မနည်း သေဆုံး



 နယူးဒေလီ သြဂုတ် ၃

 ဂူဂျာရတ်၊ ရာဂျတ်စ်သန်၊ အနောက်ဘင်ဂေါနှင့် အိုဒီရှာ ပြည်နယ်များ၌ မိုးအဆက်မပြတ်ရွာ သွန်းမှုကြောင့် ရေလွှမ်းမှုများအဆိုးရွားဆုံးဖြစ်ပေါ်ပြီး လူပေါင်း ၈၁ ဦးသေဆုံးခဲ့သည်။ အခြားလူဦးရေ ၈ဝ ကျော် ဒုက္ခခံစားခဲ့ကြရသည်။

အနောက်ဘင်ဂေါ၌ ၄၈ ဦး၊ ရာဂျတ်စ်သန်၌ ၂၈ ဦးနှင့်အိုဒီရှာ၌ ငါးဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြောသည်။

အနောက်ဘင်ဂေါ ခရိုင် ၁၂ ခုအတွင်း ကျေးရွာပေါင်း ၉၆၉၁ ရွာ ရေလွှမ်းခံရပြီး စုစုပေါင်း ၃၆၉ဝ၆၂၇ ဦး၊ ဂူဂျာရတ်၌ လူပေါင်း ၄ဝ နှင့် အိုဒီရှာ၌ ၄၈ဝ၃၉၉ ဦး ဒုက္ခခံစား ခဲ့ရကြောင်း သိရသည်။

အနောက်ဘင်ဂေါရှိ ဒေသ အသီးသီး၌ ရေနစ်မြုပ်ခြင်း၊ မြွေကိုက်ခံရခြင်း၊ နံရံများပြိုကျခြင်း၊ ဓာတ်လိုက်ခံရခြင်းတို့နှင့် မိုးကြိုး စက်ကွင်းမိ၍ လူပေါင်း ၄၈ ဦးသေဆုံး ခဲ့ရသည်။

ဆိုင်ကလုန်းမုန်တိုင်း ကိုမန် ကြောင့် အနောက်ဘင်ဂေါရှိ ခရိုင်အများစုမှာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုများ ကြုံရ ကြောင်း အစိုးရက ပြောသည်။

ပြည်နယ်အစိုးရက လှေအစင်း ပေါင်း ၁၂၁ စင်းနှင့် ကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိ သည်။ စုစုပေါင်း ကျွဲနွားတိရစ္ဆာန် ၅၆၇၂ ကောင်တို့သည် ရေနစ်မြုပ် ခဲ့သည်။ ဒေသအစိုးရက ကယ်ဆယ် ရေးစခန်းပေါင်း ၁၅၃၇ ခုပြုလုပ်ပေး ကာ လူဦးရေပေါင်း ၂၁၄၃ဝ၆ ဦးကို နေရာချထားပေးခဲ့ကြောင်း သိရ သည်။

(ပီတီအိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment