Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 5, 2015

ကလေးမြို့တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်၍ ရေဘေးဒုက္ခသည်များ စားသောက်ရေး အခက်အခဲဖြစ်လာ

ကလေးမြို့နယ်အတွင်း ရေဘေးဒုက္ခသည် များလာသည့် အပြင် ကုန်ဈေးနှုန်းများ အဆမတန် မြင့်မားလာသည့် အတွက် ရေးဘေးဒုက္ခ ကြုံနေရသူများ စားသောက်ရေးအတွက် စီစဉ်ရသည်မှာ အခက်အခဲများ ရှိလာကြောင်း Right and Peace ရေဘေး ကယ်ဆယ်ရေး အဖွဲ့မှ ဒေါ်မိငယ်က ပြောသည်။
“ကယ်ဆယ်ရေး စခန်းတစ်ခုကို ဒုက္ခသည် ၁၀၀ကနေ ၁၅၀ဦး အထိရှိပါတယ်။ ဒုက္ခသည်တွေ အားလုံး စားသောက်ရေး အဆင်ပြေအောင် ကျွန်မတို့ အဖွဲ့က နေ့စဉ် စီစဉ်ပေးတာပါ။ အခု ဒီမှာ ကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်လာတဲ့အတွက် နေ့စဉ် ကျွေးမွေးဖို့ ရေရှည်မှာ ခက်ခဲမှုတွေ ဖြစ်လာတော့မှာပါ”ဟု ဒေါ်မိငယ်က ပြောသည်။
ကလေးမြို့၌ တစ်နေ့ထက် တစ်နေ့ ရေဘေးဒုက္ခသည်များ တိုးပွားလာလျက်ရှိရာ စာသင်ကျောင်းများတွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားခြင်းမှာ မလောက်ငတော့သည့် အတွက် ခရစ်ယာန် ဘုရားကျောင်းများတွင်ပါ စခန်းများ တိုးချဲ့ဖွင့်ထားရကြောင်း ၄င်းက ထပ်မံ ပြောဆိုသည်။
လက်ရှိ ကလေးမြို့နယ်တွင် ယခင်က ၂၄ ပြည်ပါ ဆန်တစ်အိတ်လျှင် ကျပ် ၁၅၀၀၀မှ ယခုအခါ ကျပ်၄၀၀၀၀ အထိ တက်သွားသည့်အပြင် အချို့ဆိုင်များမှာ ဆိုင်ပိတ်ထားကြောင်း သိရသည်။
ပိုင်လေး
Tomorrow

No comments:

Post a Comment