Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 5, 2015

“ရေဘေးသင့်သူများကို ကူညီထောက်ပံ့ရန်စတင်စီစဉ်နေပြီဟု အမေရိကန် အတည်ပြု”


အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံမှ ရေဘေးသင့် ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ပေးပို့ရန် စတင်စီစဉ်နေပြီဟု နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်သည်။
ဩဂုတ် ၅ ရက်တွင် ကွာလာလမ်ပူ၌ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကယ်ရီက အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံ ရေဘေးအတွက် ထောက်ပံ့ကူညီမှု အစီအစဉ်များကို မကြာမီ ကြေညာသွားမည်ဟု ကတိပြုခဲ့သည်။
“လက်ရှိ အချိန်မှာ အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံအတွင်း ရေဘေးဒုက္ခကြောင့် ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်အတွက် စာနာဝမ်းနည်းကြောင်း ပြောပါရစေ။ မြန်မာနိုင်ငံမှာ ကြုံနေတဲ့ ရေဘေးနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက ကူညီထောက်ပံ့မယ့် အစီအစဉ်တွေကို မကြာခင် ကြေညာပါမယ်”ဟု ကယ်ရီက ဆိုသည်။
၎င်းက အမေရိကန်၏ ထောက်ပံ့ရေး အေဂျင်စီများသည် မြန်မာအစိုးရနှင့် စတင် ချိတ်ဆက် ဆောင်ရွက်နေပြီဟုလည်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မုတ်သုံမိုး ဆက်တိုက်ရွာသွန်းမှုများကြောင့် ဆယ်စုနှစ် များစွာအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုများနှင့် ကြုံနေရခြင်း ဖြစ်သည်။ လတ်တလောတွင် ထိုင်းနှင့် ဂျပန်တို့သည်လည်း တရုတ်နိုင်ငံနှင့် ပူးပေါင်းကာ ရေဘေးသင့် ပြည်သူများကို ကူညီထောက်ပံ့ လှူဒါန်းသွားမည်ဟု သိရသည်။
_Ref: Economic Times
(ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

7Day News Journal

No comments:

Post a Comment