လူလူငြိမ်း
ဆစ်ဒနီ ၊ ဇူလိုင် ၂၄
အနိုင်ကျင့် ခံရသူများတွင် ပြဿနာမရှိ၊ အနိုင်ကျင့်သူများတွင်သာ ပြဿနာ ရှိကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ကြပြီး ဖြစ်သည်။
ယခုအချိန်တွင် လေ့လာမှု တစ်ခုက ယင်းပြောဆိုမှုကို ထောက်ခံလိုက်ပြီ ဖြစ်သည်။ ထောက်ခံရုံတင်မက အွန်လိုင်းတွင် အမျိုးသမီးများအား အနိုင်ကျင့်တတ်သည့် အမျိုးသားများကို အကဲဖြတ်ကြည့်သည့် အခါတွင်လည်း ထိုသူများသည် အရူံးသမားများ ဖြစ်နေကြောင်း သက်သေ အထောက်အထားများဖြင့် တင်ပြနိုင်ခဲ့ပါပြီ။
Halo 3 ဂိမ်းကစားရာတွင် ရူံးနိမ့်သည့် အမျိုးသားများသည် ကစားဖော် အမျိုးသမီးများ အပေါ် ရိုင်းစိုင်းစွာ ပြောဆိုတတ်ကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။
အွန်လိုင်း အပစ်အခတ် ဂိမ်းတစ်ခုဖြစ်သော Halo 3 ကို ကစားရာတွင် အမျိုးသားများက အမျိုးသမီးအား ဆက်ဆံခဲ့ပုံနှင့် ပတ်သက်ပြီး နယူးဆောက် ဝေးလ်တက္ကသိုလ်မှ မိုက်ကယ် ကာဆူမိုဗစ်နှင့် မိုင်ယာမီ တက္ကသိုလ်မှ ဂျက်ဖရီ ကက်ဇ်နီကော့ဖ်တို့က လေ့လာခဲ့သည်။ အဆိုပါဂိမ်းသည် ကစားသူများစွာ တစ်ပြိုင်နက် ပါဝင် ကစားနိုင်သော ဂိမ်းတစ်ခု ဖြစ်သည်။
ကစားပွဲ ရူံးနိမ့်သော အမျိုးသား ကစားသမားများသည် အမျိုးသမီး ကစားသမားများအား ရန်လိုစွာ ပြောဆိုတတ်ကြောင်း တွေ့ရှိခဲ့သည်။ ယင်းကြောင့် ယုတ္တိကျကျ သုံးသပ်ကြည့်လျှင် အွန်လိုင်းတွင် အမျိုးသမီးများအား အနိုင်ကျင့်တတ်သည့် အမျိုးသားများသည် အရူံသမားများ ဖြစ်ကြောင်း အဖြေ ထွက်လာသည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။
အရည်အသွေးနိမ့် အမျိုးသား ကစားသမားသည် အခြားအမျိုးသား ကစားသမားကိုမူ ကျိုးနွံစွာ ဆက်ဆံတတ်ကြောင်း၊ ယင်းကြောင့် အားနည်းသူဟု မှတ်ယူခံရသူများ အပေါ် အနိုင်ကျင့် တတ်သူများသည် အရူံးသမားစိတ် ရှိသူများဖြစ်ကြောင်း ဆက်စပ် စဉ်းစား မိစေခဲ့သည်ဟု ကာဆူမိုဗစ်က ပြောဆိုခဲ့သည်။
အွန်လိုင်းဂိမ်း ဆိုသည်မှာ အမျိုးသားများသာ အစဉ်အလာ ကြီးစိုးခဲ့သော နေရာ ဖြစ်သောကြောင့် နိုင်နေပါက ကိုယ့်အဆင့်အတန်းကို ဆက်လက် ထိန်းသိမ်းနိုင်သောကြောင့် ပြဿနာ မရှိသော်လည်း ရူံးနိမ့်လာပါက ကျားမခွဲခြားစိတ်ဖြင့် ရူံးမဲမဲတတ်ကြောင်း ကာဆူမိုဗစ်က ပြောသည်။
Source:DM
http://www.messengernewsjournal.com/General/Eventure/detail.php?id=41689
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, August 1, 2015
အရူံးသမား အမျိုးသားတွေဟာ အမျိုးသမီးတွေကို ပိုအနိုင်ကျင့်တတ်
အရူံးသမား အမျိုးသားတွေဟာ အမျိုးသမီးတွေကို ပိုအနိုင်ကျင့်တတ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 01, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment