Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 5, 2015

ယနေ့ ၊ သြဂုတ်လ ၅ ရက် ညနေတွင် ၈၈မျိုးဆက်(ငြိမ်း/ပွင့်)နှင့် ဦးထွန်းလွင် တွေ့ဆုံစဉ် ရေကြီးနေမှုများနှင့် ပတ်သက်၍ ဦးထွန်းလွင်၏ ပြောကြားချက်

- ဧရာဝတီတိုင်းကျတော့ ပုသိမ်ရယ်၊ မအူပင်ရယ် အများဆုံးက မအူပင်ပဲ။ မအူပင်မှာ တော်တော်များတယ်။ ဒါပေမယ့် နောက်တစ်ရက် နှစ်ရက်အတွင်းမှာ မိုးလည်းဆက်တိုက်ရွာတယ်။ အခုလည်းရွာနေတယ်။ ဒီ့အရင်ကလဲ ရေဖုံးနေတယ်။ နောက် နှစ်ရက်လောက်လဲ မိုးဆက်ရွာဦးမယ်။ အဲဒါက သထုံပဲ။ ဒါပေမဲ့ အရေးပေါ်အကူအညီလိုနေတာတွေ၊ နောက်ပိုင်းထွက်လာတာ ဘာလဲဆိုတော့ မိုးရွာလို့တော့ မဟုတ်ဘူး ။ ကျနော်ပြောသလိုပဲ၊ ရေတွေအကုန်ဆင်းလာလို့ ။ ရေတွေအကုန်ဆင်းလာတော့ အထူးသဖြင့် ပဲခူးတိုင်းမှာ အခြေအနေဆိုးနေတာ ပြည် ပေါ့။ နောက် အောက်ဖက်ဆင်းလာတဲ့အခါကျတော့ ဟင်္သာတပေါ့ ။ ဟင်္သာတနားမှာ ရွာ(၁၄) ရွာ ရေမြုပ်နေတယ်။ အကူအညီတွေလိုနေတယ် လို့ ပြောနေတယ်။ အဲဒါက ကျနော့်ရဲ့ နောက်ဆုံးသတင်းပဲ။

- အပေါ်ပိုင်းက ရေတွေကျလေ အောက်ပိုင်းမှာကြီးလေပဲ။ ဒါပေမယ့် အတိုင်းအတာ တစ်ခုပဲ။ ဒီ Fast wave က အောက်ကိုဆင်းလာတဲ့အခါမှာ မိုးမရွာဘဲ ရေကြီးတာလဲ ရှိတာပဲလေ။ အခုဆိုရင် ညောင်ဦးတို့မှာ စိုးရိမ်အမှတ်ကြီးသလိုမျိုးပေါ့။ အခု စိုးရိမ်ချိန်အမှတ်ကျော်တာဆိုလို့ရှိရင် ဟင်္သာတ ရှိမယ်၊ ညောင်ဦးရှိမယ် ၊ ညောင်တုန်း ရှိမယ်။ ကျနော် မနေ့က ငါးလုပ်ငန်းက ကြားလာတာ ပဲခူးတိုင်း ဘက်မှာ တာ တစ်ခုကျိုးသွားတယ်။ ရွာတွေအတော်များများ ရေမြုပ်တယ်လို့ ကြားတယ်။ အခု အကြောက်ရဆုံးက ဘာလဲဆိုရင် တာတွေကျိုးမှာပဲ ကြောက်ရတယ်။ ရေကတဖြည်းဖြည်းတက်နေတော့ အိပြီး နေရာတော်တော်များများမှာ ရေ Level က မြို့ထက်မြင့်နေပြီ။ ဒါပေမယ့် တာ တွေက ခံထားပေးတယ်။ ဒါပေမဲ့ အဲဒီ တာ ကို မကျိုးအောင်ထိန်းနိုင်ရင်တော့ မဆိုးဘူး။ ဒါပေမဲ့ မထိန်း နိုင်ရင်တော့ ပထမဦးဆုံး လယ်တွေအကုန်ပျက်မယ်၊ အဓိကက အဲဒါပဲ။

- ရေက အီပြီး တစ်ရက်၊ နှစ်ရက်လောက်နေရင်တော့ ပြန်ကျမှာပဲ။ နောက်ထပ် မိုးမရွာပါစေနဲ့ ဆုတောင်း ရမယ်။ အဲတော့ အပေါ်ကဖြစ်ဖြစ် အောက်ကဖြစ်ဖြစ် မိုးရွာလိုက်ရင်တော့ လက်ရှိအချိန်ထက် တက်သွားနိုင်တယ်။ ဒါပေမဲ့ တစ်ခု စိုးရိမ်စရာရှိတာက မုတ်သုန်ရဲ့ New Search ပေါ့။ နောက်ထပ် လာတာ မွန် နဲ့ တနင်္သာရီ ကို ပြန်ရောက်နေပြီ။ ပြန်ရောက်နေတော့ ရှေ့ကိုတက်ဖို့ရှိတယ်။ နောက် နှစ်ရက် သုံးရက်နေရင်တော့ မြစ်ဝကျွန်းပေါ်က မိုးတွေလိုက်လာနိုင်တယ်။ အဲဒါနဲ့ အပေါ်က လာတာနဲ့ သွားဆုံလိုက်ရင် ပိုဆိုးသွားနိုင်တယ်။

ဦးထွန်းလွင်
နေရာ - ဦးထွန်းလွင်၏ နေအိမ်
အချိန် - ညနေ ၄း ၀၀ နာရီ
နေ့ရက် - ၅ ရက်၊ သြဂုတ်လ ၊ ၂၀၁၅ ခုနှစ်

သတင်း - The 88 Generation Peace and Open Society
viaAnt Bwe Kyaw

No comments:

Post a Comment