Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 2, 2015

မန်းတွင် မိန်းမလျာ သက်ကြီးပူဇော်ပွဲနှင့် တေးပဒေသာကပွဲ ပြုလုပ်မည်


 အသက်(၆၀) နှစ် အထက် မိန်းမလျာများသက်ကြီးပူဇော်ပွဲနှင့် တေးပဒေ သာကပွဲကို မန္တလေးတိုင်းရှိ ပန်းအလှပြင်၊ မိတ်ကပ်ပညာရှင်များနှင့် ဒီဇိုင်နာများစုပေါင်း၍ သြဂုတ်၁၇ ရက်တွင် ပြုလုပ်မည်ဟု သတင်းရရှိ သည်။
‘‘ကျွန်တော်တို့ မိတ်ကပ် ပညာရှင်တွေမှာ မောင်နှမသား ချင်းရှိလည်း      ကျောထောက် နောက်ခံမရှိဘူး။ ကျွန်တော်တို့ ရှိရင်သာယူကြတာ။ အဲဒါ ကျွန် တော်တို့မြင်တွေ့နေရတဲ့ ဘဝ၊ ကျွန်တော်တို့လက်ထက်မှာ အဲဒီလိုမဖြစ်အောင် ရည်ရွယ်ပြီး သက် ကြီးပူဇော်ပွဲတွေ စလုပ်တာ’’ဟု အသင်း ဦးဆောင်သူ မိတ်ကပ်မယ်ကင်းကပြောသည်။
လက်ရှိတွင် အဖွဲ့ဝင် ၂၅ ဦးခန့်ရှိပြီး မန္တလေး၊ မတ္တရာနှင့် ပြင်ဦးလွင်မြို့တို့ရှိ မိတ်ကပ် ပညာရှင်အများစု    ပါဝင်ကြပြီး လူမှုရေးပရဟိတလုပ်ငန်းများ၊ သက်ကြီးရွယ်အိုများနှင့် မိန်းမလျာများ၏ ကျန်းမာရေးကို အဓိကလုပ်ဆောင်သွားမည်ဟု    ၎င်း အသင်းတာဝန်ရှိသူများက  ဆို သည်။‘‘၂၀၁၀ က သက်ကြီးပူဇော် ပွဲတွေစလုပ်တာ၊ ဒီနှစ်က ငါး ကြိမ်မြောက်ပါ။ ဒီနှစ်မှာ အသက် (၆၀)နှစ်အထက် သက်ကြီးမိန်းမ လျာ၂၆ ယောက်နဲ့ (၉၆) နှစ် အရွယ် မန္တလေးမြို့က ပန်းအလှ ပညာရှင်တစ်ဦးပါပါတယ်’’ဟု မိတ်ကပ်မယ်ကင်းကပြောသည်။
လူနည်းစုဖြစ်သည့် မိန်းမ လျာများကို      လူအများစုက အထင်သေးနှိမ့်ချကြပြီး အသက် ကြီးလာသည့်အခါ အခြားသက် ကြီးရွယ်အိုများထက် ပို၍အားကိုး ရာမဲ့ကြသောကြောင့် တစ်နှစ် တစ်ခါ သက်ကြီးပူဇော်ပွဲပြုလုပ် သင့်ကြောင်း အသင်းနာယက ပန်းအလှပညာရှင် နိုဘယ်မင်းမင်းကပြောသည်။
http://7daydaily.com/story/43249

No comments:

Post a Comment