Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 8, 2015

အသက် (၈၉)နှစ်အရွယ် သတို့သမီးအရံ


          အမေရိကန် ပြည်ထောင်စု၊ ပင်ဆယ်ဗေးနီးယား ပြည်နယ်မှာ နေထိုင်တဲ့  ခရစ္စတီယန်ဟာ ချစ်သူဖြစ်သူ ပက်ထရစ်ကွင်းနဲ့ လက်ထပ်ခဲ့ရာမှာ ထူးထူးခြားခြား အစီအစဉ်တစ်ခုကို ထည့်သွင်းခဲ့ပါတယ်။ ခရစ္စတီယန်ဟာ အသက် (၈၉)နှစ်ရှိပြီဖြစ်တဲ့ အဘွားဖြစ်သူကို သတို့သမီးအရံ အဖြစ် ဆောင်ရွက်စေခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲတွေမှာ သတို့သမီးအရံဟာ ငယ်ရွယ်ပြီး လှပသူတွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် ခရစ္စတီယန်က လက်ထပ်ပွဲမှာ အမှတ်တရ ဖြစ်စေဖို့ အဘွားဖြစ်သူရဲ့ဆန္ဒကို လိုက်လျောခဲ့တာ ဖြစ်ပါတယ်။ နာနာဘက်တီဟာ အသက်အရွယ် ကြီးနေပြီဖြစ်တာကြောင့် ကျန်ရှိတဲ့ အချိန်မှာ မြေးဖြစ်သူရဲ့ မင်္ဂလာပွဲကို ထူးခြားတဲ့ နေရာကနေ ပါဝင်ဆင်နွှဲ လိုတာကြောင့် သတို့သမီးအရံ လုပ်လိုကြောင်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
          နာနာဘက်တီက အသက်ကြီးခြင်း၊ ငယ်ခြင်းဆိုတာ စိတ်ထဲမှာရှိတဲ့ ခံယူချက်နှင့်သာ သက်ဆိုင်ကြောင်း၊ သတို့သမီးအရံ အဖြစ် ဆောင်ရွက်ခွင့် ရချိန်မှာ ငယ်ရွယ်နုပျိုသူကဲ့သို့ ခံစားရကြောင်း ဟြေကြားခဲ့ ပါတယ်။ ခရစ္စတီယန်ဟာ အစောပိုင်းမှာ အဘွားဖြစ်သူ စကားကို မယုံနိုင်အောင် ဖြစ်ခဲ့တာကြောင့် အကြိမ်ကြိမ်ပြန်မေးပြီး အတည်ပြုချက် ယူခဲ့ပါတယ်။ ဒီနောက် အဘွားဖြစ်သူကို သတို့သမီးအရံ ၀တ်စုံကို ချုပ်ပေးခဲ့ပါတယ်။
          မင်္ဂလာပွဲမှာ အဘွားဖြစ်သူဟာ သတို့သမီးထက် ပိုပျော်နေခဲ့ပါတယ်။ တက်ရောက် လာသူတွေကလည်း အသက် (၈၉)နှစ်အရွယ် သတို့သမီးအရံကို ကြည့်ပြီး အံ့အားသင့်ခဲ့ ပါတယ်။ ဒီနောက် အဘွား ဖြစ်သူဟာ မြေးဖြစ်သူ သတို့သမီးနဲ့ တွဲကခဲ့ပါတယ်။ ဒီမင်္ဂလာပွဲဟာ မြေးဖြစ်သူနဲ့ အဘွားဖြစ်သူတို့ ကြားမှာရှိတဲ့ ချစ်ခြင်းတရားကို ပြသခဲ့တာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

http://www.messengernewsjournal.com/General/Eventure/detail.php?id=42243

No comments:

Post a Comment