Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 7, 2015

၂၀၁၅ အတွက် ဟောကိန်းကို လတ်လတ်ဆတ်ဆတ်ကြီးကို ထုတ်လိုက်ပါပြီ။


သူ့နာမည်က ဆာ့ဂ်ျပန် ( Serge Pun မြန်မာနာမည် ငွေသိမ်း) ဆိုတဲ့ စင်္ကာပူက တရုတ် ခရိုနီ တစ်ဦးဖြစ်ပါတယ်။
သူက ဧရာဝတီ မဂ္ဂဇင်းနဲ့  အင်တာဗျူးမှာမြန်မာ့ စီးပွားရေး ပေါက်ကွဲမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။
ထူးခြားတာကမြန်မာ့စီးပွားရေးနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေက ပညာရှင်များကသာ အရင်က ဟောကိန်းတွေ ထုတ်ခဲ့ကြပြီးယခု ၂၀၁၅ ခုနှစ်အတွက်အာရှဒေသ မြန်မာနိုင်ငံနှင့်လည်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ လောက် ကုန်သွယ်ဖက် ဖြစ်နေတဲ့စင်္ကာပူမှ နာမည်ကြီး ခရိုနီက
ဟောကိန်း ပြတ်ပြတ်သားသား ထုတ်လိုက်ခြင်းဖြစ်ပါတယ်။
သူ့နဲ့ ဧရာဝတီ သတင်းဌာနကလည်းဒီအကြောင်းရာနဲ့ ပတ်သက်ပြီး
အင်တာဗျူး အကျယ်တ၀င့် လုပ်ခဲ့ပါတယ်။
သူ့ရဲ့ ထောက်ပြချက်တွေကအလွန် စိတ်ဝင်စားစရာပါ…
သူ့ထောက်ပြချက်တွေထဲမှာ -
(၁) ပထမဆုံးငွေကြေး ကွာဟ ဖောင်းပွမှု ကို အရင်ပြောပါတယ်။
(၂) လယ်ယာမြေ ထွက်ကုန်ကောက်ပဲသီးနှံ တွေနဲ့နှစ်ဖက် လဲလှယ်တဲ့ ကိစ္စကို ပြောပါတယ်
(၃) မြန်မာပြည်ထဲမှာ ရှိတဲ့ ခရိုနီနဲ့ စစ်ဖက်ဆိုင်ရာ အရာရှိ အဟောင်းအသစ်တွေ ထိန်းချုပ်ထားပုံကို ပြောပါတယ်
(၄) မြန်မာပြည်ထဲက သံယံဇာတတွေရဲ့ အောတိုက် ယိုဖိတ်လွင့်စင်နေမှုကို ပြောပါတယ်
(၅) မြန်မာပြည်သူများဖြစ်ကြတဲ့ လက်လုပ်လက်စားတွေခံစားလာရတော့မယ့်
ဘေးဆိုးကြီးကို ပြောပါတယ်..
(၁) အချက်ဖြစ်တဲ့ ငွေကြေး ဖောင်းပွမှု ငွေအတုများကိုစစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ အရာရှိတွေက ကျောထောက်နောက်ခံပေးပြီး ထုတ်လုပ်နေတဲ့အကြောင်း ဖြစ်ပါတယ်။ ငွေဖေါင်းပွမှု ကို ရာခိုင်နုံန်းနဲ့ တွက်ပြဖို့ အလွန်ကို ဂဏန်းမြင့်မားနေပြီးပြုပြင် ပြောင်းလဲရေးကာလရဲ့
နောက်ဆုံး ၂၀၁၅ နှစ်မှာအမြင့်ဆုံးဖြစ်မယ်လို့ သူတွက်ချက်ပြပါတယ်။
အကြောင်းက တိကျ သေချာတဲ့ ပွင့်လင်းမြင်သာမှုတွေကိုအစိုးရက အကောင်ထည် မဖေါ်နိုင်ခဲ့တဲ့ အတွက်နှင့်ဝန်ကြီးများနှင့် ၀န်ကြီးဌာန အဆင့်မြင့် အရာထမ်း တွေရဲ့ ပိုင်ဆိုင်မှုကို အစိုးရတစ်ရပ်လုံးက
ဆက်လက် ဖုံးကွယ်ထားဆဲမို့အခု အဲဒီ ဖုံးကွယ်မှုဟာပေါက်ကွဲစ ပြုလာနေတဲ့ မီးတောင်တစ်ခုလို ဌာနတစ်ခုနှင့်တစ်ခု
လုပ်ပိုင်ခွင့် အာဏာတွေကို အကြောင်းပြပြီး အားပြိုင်မှုက ပိုမို ပြင်းထန်လာနေတယ်လို့ ဆိုပါတယ်။
(၂) လယ်ယာ ကိစ္စနှင့် ထုတ်လုပ်မှု အပိုင်းကို စာရင်းဇယားများနဲ့ အခိုင်မာ သူက ထောက်ပြပါတယ်..
သူ့ထောက်ပြချက်တွေမှာလွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်က
ထုတ်လုပ်မှု စံချိန်ထက်ယခု မြန်မာ့ လယ်ယာထွက်ပစ္စည်း ထုတ်လုပ်မှု စံချိန်က
ရာနှုန်းအားဖြင့် ၄၂ ရာနှုန်း လောက်ကို လျောကျ သွားခဲ့ပါပြီလို့ယတိပြတ်ကို ပြောပါတယ် ….
အကြောင်းက ……အာဏာပိုင်တွေ လယ်ယာ သိမ်းပိုက်ချုပ်ကိုင်ထားမှုက နေ စတင်တယ်လို့ဆိုပါတယ်..
လယ်မြေ ဧကပေါင်း(၂ သန်း ခြောက်သိန်း သုံးထောင်) လို့သူက ပြောပြီး
အဲဒီ ထဲမှာ လယ်ယာထွက်ကုန်ဆိုပြီးပြည်သူနှင့် ပြည်ပ ရောင်းချမှု ချို့တဲ့အားနည်းသွားပြီး
ရောင်းချတဲ့ လယ်ယာထွက်ကုန် ကောက်ပဲသီးနှံတွေမှာလည်း
စံချိန်မမှီလို့ နိုင်ငံတကာမှာ အနှိမ့်ဆုံးသတ်မှတ်ချက် ဈေးကွက်ဖြစ်တဲ့ တရုတ်ပြည်ဈေးကွက် တစ်ခုထဲကိုပဲ
ဝင်နေတာ များပါတယ်။
အာဏာပိုင်တွေက သိမ်းထားတဲ့ လယ်မြေတွေမှာလည်း
စိုက်ပျိုးထုတ်လုပ်မှု အားနည်းသလို လယ်မြေကိစ္စနဲ့ မဆိုင်ဘဲ ငှားရမ်းထားခြင်းကြောင့်
လယ်ယာ ထွက်ကုန်တွေ ကျဆင်းပြီး အငတ်ဘေးတောင် တွေ့လာနိုင်တယ်လို့ ဆိုထားပါတယ်။
(၃) မြန်မာပြည်ထဲက ခရိုနီတွေရဲ့ ချမ်းသာကြွယ်ဝမှုမှာအံ့မခန်းဖွယ်ရာကြီး ဖြစ်နေပြီး
ဥပဒေအရ ပြန်လည် ထိန်းချုပ်ဖို့ ဆိုတာလုံးဝ မဖြစ်နိုင်တော့တဲ့ အခြေနေကို ရောက်ရှိသွားပါပြီ။
နိုင်ငံတစ်ခုလုံးရဲ့ဘက်ပေါင်းစုံ ၀င်ငွေမှာအမေ၇ိကန် ဒေါ်လာ သန်းပေါင်း
၇၀ လောက် ရှိနေပေမယ့်….
ဦးပိုင် ဆိုတဲ့ စစ်ဘက် စီးပွားရေးက၂၄ ဘီလီယံ ဒေါ်လာ ထိမ်းချုပ် ကိုင်တွယ်နေပြီး အာဏာရှုင်ဟောင်း မိသားစုမှာကဘီလီယံ ၄၀ ကျော်လောက်ထိန်းချုပ် လုပ်ကိုင်နေတာရှိတယ်။
ဦးအောင်သောင်းမိသားစု၁၂ ဘီလီယံဒေါ်လာကနေ၁၈ ဘီလီယံလောက် ချမ်းသာနေခဲ့ပြီး
ခရိုနီတေဇ က၅ ဘီလီယံဒေါ်လာခန့်လောက်ကိုင်ထားတာကို တွေ့ရတယ်။
မက်ဦးဇော်ဇော်က၂ ဘီလီယံဒေါ်လာခန့်လောက် ရှိနေပြီး ။
ယခင် ဦးနေ၀င်းမိသားစု၊စိုးသိမ်း၊ အောင်မင်း တို့ က၁၁ ဘီလီယံဒေါ်လာ နိင်ငံခြားမှာရှိတယ်လို့ သူက တွက်ချက်ပြပြီးအမှန် ပြည်တွင်းက ပြည်သူတွေရဲ့ လက်ထဲမှာ ပြောပလောက်အောင်ကို
မရှိတော့ပါဘူးတဲ့။
ဒါကြောင့်အမှန်တကယ် လုပ်ပိုင်ခွင့်နှင့် အကျိုးခံစားပိုင်ခွင့်တွေက
ပြည်သူတွေ ဆီမှာ မရှိတော့ဘဲ နိုင်ငံခြားတိုင်းပြည်တွေမှာ သွားရောက်မြုပ်နှံနေတဲ့
ခရိုနီတွေရဲ့ တရားလက်လွတ် စီးပွားရေးကြောင့်
ပြည်တွင်းမှ ပြည်သူအားလုံး၂၀၁၅ မှာ ဆထက်တံပိုးဆင်းရဲတွင်း နက်လာကြစေတော့မှာ ဖြစ်ပါတယ်။
(၄) ပြည်တွင်းထဲကသံယံဇာတ ဖိတ်စင်မှုအကြီးဆုံး နိုင်ငံကိုပြပါဆိုလျင်
မြန်မာက ဆူဒန် ၊ ဇင်ဘာဘွေ နိုင်ငံနဲ့ထပ်တူ ထပ်မျှ ဖြစ်နေပါတယ် ။
အကြောင်းက စစ်ပွဲ အဂတိ လိုက်စားမှုနဲ့ တည်ကြည် ဖြောင့်မတ်တဲ
တရားစီရင်ရေးပိုင်းဆိုင်ရာတွေ အားမကောင်းလို့ပါပဲတဲ့…။
တနေ့ထက်တနေ့
လောဘဇောပဲ တိုက်လာကြပြီးအဲဒီလောဘနဲ့ ပြည်တွင်း သံယံဇာတတွေကို ထုတ်ရောင်းပစ်နေမှုမှာ
ပြည်သူများအတွက် အမှန်လိုအပ်တဲ့ ကွက်လပ်ကြီးကိုပိုပြီး ကြီးမား ကျယ်ပြန့်လာအောင်
ချဲ့နေတဲ့ အခြေနေမျိုး ဖြစ်နေပါတယ်တဲ့…
(၅) နောက်ဆုံး အချက်မှာတော့အရပ်ဘက် ပြည်သူတွေ ခံစားလာကြရတော့မယ့်
အငတ်ဘေး ရောဂါဘယ ဘေးနဲ့သဘာဝ ဘေးအန္တရယ်တို့ကို
ပြောထားပါတယ်။
ကောက်ပဲသီးနှံ မလုံလောက်မှု ။
စီးပွားရေး နည်းနိဿသျှ အခိုင်မာ မတည်ဆောက်ထားနိုင်မှု နဲ့မြစ်ချောင်း သစ်တော များ ပြုန်းတီးပျက်စီးမှုအပြင်တဖက် ကုန်သွယ်ဖက် တရုတ်နိုင်ငံမှအင်တိုက် အားတိုက် တင်သွင်းနေသော ဓာတုဗေဒ အပြင်းများဖြင့်
ထုတ်လုပ်ထားတဲ့စားကုန် သောက်ကုန် လူသုံးကုန် အပြင် ဆေးဝါးတွေကြောင့်
၂၀၁၅ နှစ်မှစ၍အပြင်းအထန်ရင်ဆိုင် ခံစားကြုံတွေ့ကြရမည့်
ပြည်သူများ၏ ဘေးဆိုးကြီးများ ဖြစ်ကြောင်းပါတဲ့……ခင်ဗျာ။
နိုင်ငံတကာ သတင်းစာများ
-
Credit to > ဂိုရှယ်လေး

No comments:

Post a Comment