Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 22, 2015

ကိုယ်စားလှယ်လောင်းသည် ပြည်သူအတွက် အပင်ပန်းခံရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


Saturday, August 22, 2015

လာမည့် ရွေးကောက်ပွဲ တွင် ရွေးချယ်ခံမည့် ကိုယ်စား လှယ်လောင်းသည် ပြည်သူအ တွက် အပင်ပန်းခံရန်နှင့် ကိုယ် စားလှယ်လောင်း ဖြစ်လာပါက လည်း ပြည်သူများက ခိုင်းတတ် ရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

‘‘တော်တော်များများက ကိုယ် စားလှယ်ဖြစ်ချင်ကြတယ်။ ဘာ လို့ဖြစ်ချင်ကြလဲ ကျွန်မသိပ်တော့ နားမလည်ဘူး။ ဖြစ်ချင်ကြတာ တော့အမှန်ပဲ။ အဲဒါ အချင်းချင်း ရန်ဖြစ်ရတာနဲ့ ဘာနဲ့ညာနဲ့ တော် တော်အပင်ပန်းခံပြီး လုပ်ချင်ကြ တယ်။ ကျွန်မကတော့လေ ကိုယ် စားလှယ်လောင်းလုပ်ဖို့ မလုပ်ခင်က အပင်ပန်းမခံနဲ့၊ လုပ်ပြီးမှအ ပင်ပန်းခံကြပါလို့ပြောချင်တယ်။ ပြည်သူအတွက် အပင်ပန်းခံရမှာ။ ကိုယ် ကိုယ်စားလှယ်ဖြစ်ဖို့ အပင် ပန်းခံရမှာမဟုတ်ဘူး။ အဲဒါကိုတချို့ကလုံးဝကိုသဘောမပေါက် ဘူး။ သဘောမပေါက်ရင် ပြည်သူက ပေါက်အောင်လုပ်ပေးရမယ်။ ကိုယ်စားလှယ်ဖြစ်လာလို့ရှိရင် ဖြစ်လာတဲ့သူတွေကို ကောင်း ကောင်းခိုင်းတတ်အောင် ခိုင်းကြ ပါလို့ ကျွန်မအနေနဲ့ ဆော်သြပါရ စေ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သြဂုတ် ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ ကျိုက်ဒေးယျုံဘုရားဝင်းအတွင်း၌ ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် အဖွဲ့ချုပ် ၀င်များတွင် နိုင်ငံရေး လုပ်နည်းလုပ်ဟန်များ၊ ဒီမိုကရေစီစံနှုန်း၊ စံထားများတွင် ချို့ယွင်းချက်များစွာရှိနေပြီး သင် ယူမည်ဖြစ်ကာ ပြည်သူများ ဒီချုပ် ကိုမဲပေးကြရန် ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းပြောကြား သည်။

‘‘ကျွန်မတို့ သင်ယူမယ်။ မသင်ယူလို့လည်းမရဘူး။ မသင် ယူရင် ပြည်သူက မဲပေးမှာမှ မ ဟုတ်ဘဲ။ ကျွန်မတို့က သင်ယူ မယ်။ ပြည်သူက မဲပေးပါ။ မဲပေးမှပဲ ကျွန်မတို့ရဲ့ အစိုးရဟာ တကယ်ပဲ အရင်အစိုးရတွေနဲ့ မတူကွဲပြားစွာ လုပ်ဆောင်နိုင်မလားဆိုတာ ပြည်သူအနေနဲ့ လေ့လာနိုင်မှာ။ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ မစမ်းကြည့်ရင်တော့ သိမှာမဟုတ်ဘူး။ အဲဒီတော့ စမ်းကြည့်လိုက်ပါလို့ ကျွန်မကနေ ဆော်သြချင်ပါတယ်’’ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်သည် ယခင်ကတည်းက အဖွဲ့ဝင် မဟုတ်ဘဲ ယခု ရွေး ကောက်ပွဲတွင်မှ အသိပညာရှင်၊ အတတ်ပညာရှင်များကို ကိုယ် စားလှယ်လောင်းအဖြစ် ရွေးချယ် ထားမှုနှင့်ပတ်သက်၍ ပြည်သူ မျက်နှာကို ကြည့်ရှုသောကြောင့် ရွေးချယ်ခြင်းဖြစ်ကြောင်း ပြော ကြားသည်။

‘‘ခက်ခဲတဲ့ အချိန်တုန်းက မကပ်ခဲ့တဲ့သူတွေကို ဘာလို့ဖိတ် ခေါ်လဲ။ ဒါဟာ ကျွန်မတို့ကို ကပ် ဖို့က အဓိက မဟုတ်ဘူး။ ပြည်သူ လူထုကို အကျိုးပြုနိုင်ဖို့ အဓိက။ ပြည်သူလူထုကို အကျိုးပြုနိုင်မယ့် ပုဂ္ဂိုလ်မျိုးကို ကျွန်မတို့နား တစ်ချိန်လုံး မကပ်ခဲ့လို့ဆိုပြီး ဖယ်ရှား တယ်ဆိုရင် ပြည်သူ့မျက်နှာကြည့် တာ မဟုတ်ဘူး။ ကိုယ်မျက်နှာ ကိုယ်ကြည့်တယ်လို့ပဲ ကျွန်မသတ် မှတ်ပါတယ်’’ ဟု လူထု ခေါင်း ဆောင်ကပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ − နစ်ကီ)
7Day Daily

No comments:

Post a Comment