Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 8, 2015

ရေဘေးသင့် ရခိုင်ဒေသခံတွေဆီ သွားရောက်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်


စစ်တွေသို့ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုခရီးစဉ်တွင်လုပ်အားပေးနေသည့် စိုင်းစိုင်းခမ်းလှိုင်ကိုတွေ့ရစဉ် ဓာတ်ပုံ−စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်
 ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများကူညီ ကောက်ခံပေးနေသည့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်သည် သြဂုတ် ၇ရက်က အနုပညာမောင်နှမများ နှင့်အတူ ရသေ့တောင်ရှိ ရေဘေး သင့်ဒေသသို့ သွားရောက်၍ ကူညီ လှူဒါန်းမှုများပြုလုပ်ခဲ့သည်။
‘‘ရေဘေးသင့်ပြည်သူတွေ အတွက် အလှူငွေကောက်ခံပေး ဖို့ စီစဉ်ထားပါတယ်။အခုလော လောဆယ်မှာတော့ ရေဘေးသင့် ပြည်သူတွေအတွက်ကို ဆုပဲ တောင်းပေးနေရပါတယ်။ ဘေးမသီရန်မခပါစေနဲ့၊ အမြန်ဆုံးပြန်ပြီးအဆင်ပြေကြပါစေ’’ဟု စိုင်းစိုင်းခမ်းလှိုင်က ရေဘေးသင့်ပြည်သူများအတွက် ဆုတောင်းစကား ပြောခဲ့သည်။
စိုင်းစိုင်းခမ်းလှိုင်သည် ယခု ရက်ပိုင်းတွင် ရေဘေးသင့်ပြည် သူများအတွက် အလှူငွေကောက် ခံပေးသည့် ဖျော်ဖြေပွဲများနှင့် ကိုယ်တိုင်ကိုယ်ကျအလှူငွေ ကောက်ခံပေးခြင်းများ ဆောင် ရွက်ပေးနေသည်။
‘‘ဒီနေ့ကတော့ ဂျန်းရှင်းစကွဲ နဲ့ ဂျန်းရှင်းမော်တင်ကိုသွားပြီး အလှူခံအဖွဲ့နဲ့ပေါင်းပြီး အလှူ ငွေတွေ ကောက်ခံပေးသွားပါ မယ်။ စနေ၊ တနင်္ဂနွေမှာလည်း ကိုမောင်မောင်အေးတို့အဖွဲ့နဲ့ပဲ လိုက်ပြီး ရေဘေးသင့်ပြည်သူတွေ အတွက် အလှူငွေကောက်ခံပေး ဖို့ရှိပါတယ်။ ၁၂ ရက်ကျရင်တော့ ဦးဇာဂနာတို့လုပ်တဲ့ ဖျော်ဖြေပွဲ မှာ ပါဝင်ပေးပါမယ်’’ဟု စိုင်းစိုင်း ခမ်းလှိုင်က ပြောသည်။
စိုင်းစိုင်းခမ်းလှိုင်သည် ဩဂုတ် ၂ ရက်တွင် ရေဘေးသင့် ပြည်သူများအတွက် အလှူငွေ ကောက်ခံပေးရန် မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် Music FC ၌ ပါဝင်ကစားပေးခဲ့သဖြင့် ၎င်းပါဝင် ရိုက်ကူးထားသော ‘ကျူးပစ်ရဲ့ ကျေးကျွန်’ ရုပ်ရှင်ဇာတ်ကား အထူးရုံတင်ပြသပွဲသို့ပင်မတက် ရောက်နိုင်ခဲ့ပေ။
ဩဂုတ် ၁၂ ရက်တွင် Bo Bo Entertainment နှင့် မြန်မာ ရုပ်ရှင်အစည်းအရုံး၊ မေတ္တာသင်္ဂ ဟအဖွဲ့၊ Story book Enterta-inment, Home Entertainment, Sky Net, Shwe FM တို့ပူးပေါင်း ကျင်းပမည့်ရေဘေးသင့်ပြည်သူ များရန်ပုံငွေရှာဖွေပွဲ၌  စိုင်းစိုင်း ခမ်းလှိုင်ကလည်း မေတ္တာဖြင့် ပါဝင်ဖျော်ဖြေပေးရန်ရှိသည်။
http://7daydaily.com/story/43670

No comments:

Post a Comment