Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 2, 2015

မိန်းကလေး မွေးဖွားလို့ဆိုပြီး ဇနီးဖြစ်သူကို ခင်ပွန်းဖြစ်သူက စွန့်ပစ်ထွက်ပြေး



      တရုတ်နိုင်ငံမှာ အစွဲအလန်း တစ်ခု ရှိပါတယ်။ အဲဒါကတော့ သားယောက်ျားလေး လိုချင်တာ ဖြစ်ပါတယ်။ အိမ်ထောင်စု အများစုဟာ မိန်းကလေး မွေးဖွားဖို့ထက် သားယောက်ျားလေး မွေးဖွားဖို့ ဆုတောင်း တတ်ကြပါတယ်။ တစ်ခါတလေ မှာတော့ အစွန်းရောက်သွားပြီး ပြဿနာတွေ ရှိလာ တတ်ပါတယ်။ တရုတ် သတင်းဝက်ဆိုက်ဘ် တစ်ခုဖြစ်တဲ့ ပီးပဲလ်ဒေးလီးရဲ့ ဖော်ပြချက်အရ အမျိုးသမီးတစ်ဦးဟာ မိန်းကလေး မွေးဖွားခဲ့လို့ ဆိုပြီး ခင်ပွန်းဖြစ်သူက စွန့်ပစ် ထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ပွန်းဖြစ်သူရဲ့ မိဘဆွေမျိုးတွေက သားယောက်ျားလေး လိုချင်နေပြီး မိန်းကလေး မွေးဖွားခဲ့တာကြောင့် မူလအိမ်မှာ မရှိတော့ဘဲ အခြား တစ်နေရာကို ပြောင်းရွှေ့ သွားခဲ့တာကြောင့် ဖြစ်ပါတယ်။

        တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်ဒေါင် အရပ်ဒေသမှာ နေထိုင်တဲ့ အာချန်ဟာ မိဘ ဖြစ်သူဆီမှာ ကလေး သွားရောက် မွေးဖွားပြီး ခင်ပွန်းဖြစ်သူရဲ့ နေအိမ်ကို ပြန်ရောက်လာတဲ့ အခါ ဘယ်သူမှ မရှိတော့တာ တွေ့ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ ဆွေမျိုး သားချင်းတွေဟာ နေအိမ်ထဲက ပရိဘောဂတွေ အပြင်ကို သယ်ထုတ်နေတာ မြင်တွေ့တာကြောင့် မေးမြန်းမှုလုပ်ရာမှာ ဖြေကြားဖို့ ငြင်းဆန် ခံခဲ့ရပါတယ်။ အာချန်ဟာ စိတ်ဆင်းရဲခဲ့ပြီး ခင်ပွန်းဖြစ်သူနဲ့ ယောက္ခမ ဖြစ်သူကို ရှာဖွေခဲ့ပေမယ့် အခြားတစ်နေရာ ပြောင်းရွှေ့သွားကြောင်းသာ သိခဲ့ရပြီး၊ ဘယ်နေရာ ရောက်သွားလဲဆိုတာ သိခွင့်မရခဲ့ပါဘူး။ အာချန်ဟာ သူ့အဖြစ်ကို နားလည်ခဲ့ပြီး မိန်းကလေး မွေးခဲ့ခြင်းကြောင့် ခင်ပွန်း ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရကြောင်း ဟြေကြားခဲ့ပါတယ်။

         အာချန်ရဲ့ ယောက္ခမဟာ ယောက်ျားလေးမွေးဖို့ တစ်ချိန်လုံး ဆုတောင်းနေပြီး ကလေးကိုလည်း သူတို့အိမ်မှာ အမွေးမခံဘဲ အာချန်မိဘတွေအိမ်မှာ သွားရောက် မွေးစေခဲ့ပါတယ်။ အာချန်ဟာ ဟီနန်ဒေသမှာ နေထိုင်တာဖြစ်ပြီး ကလေးမွေးပြီးတဲ့နောက် အကြောင်း ကြားခဲ့သော်လည်း ဘာသတင်းမှ မရခဲ့တာကြောင့် ခင်ပွန်းဖြစ်သူ နေအိမ်ကို ပြန်လာတဲ့အခါ  အခြားနေရာကို ပြောင်းရွှေ့သွားတာနဲ့ ကြုံခဲ့ရပါတယ်။ အာချန်ကို ပတ်ဝန်းကျင်က စောင့်ရှောက်ထားပြီး ပိုက်ဆံချေးကာ အိမ်ဌားနေရပေမယ့် မကြာမီမှာ ပြန်တော့မှာ ဖြစ်တာကြောင့် စိတ်ဆင်းရဲ နေပါတယ်။ အာချန်ရဲ့ ညီမက ဒီဖြစ်ရပ်ကို တရားစွဲဆိုဖို့ ဆန္ဒရှိနေပါတယ်။ ရှေ့နေတွေကလည်း မိသားစုအပေါ် စောင့်ရှောက်ဖို့ ပျက်ကွက်ခဲ့တဲ့ အာချန်ရဲ့ ခင်ပွန်းကို တရားစွဲနိုင်ကြောင်း အကြံပြုထားပါတယ်။ မိန်းကလေး မွေးမိလို့ ယောကျာ်း ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံရတဲ့ အာချန်လို ဘ၀တွေ တရုတ်နိုင်ငံမှာ အများအပြား ရှိနေတယ်လို့ သိရပါတယ်။
http://messengernewsjournal.com/General/Eventure/detail.php?id=41747

No comments:

Post a Comment