Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 8, 2015

မိန်းကလေးများကို ဘီကီနီ ၀တ်စေပြီး ရင်သားအရွယ်အစားကို ယောက်ျားများက တိုင်းတဲ့ ပေါက်ပေါက်ရှာရှာ အချစ်ရှာဖွေရေး ပွဲတော်



တရုတ်နိုင်ငံမှာ ကျင်းပ ပြုလုပ် ခဲ့တဲ့ ပွဲတော် တစ်ခုဟာ ထူးခြားလွန်း နေတဲ့အပြင် မဖွယ်မရာ အပြုအမူတွေကိုပါ ထည့်သွင်း ထားတာကြောင့် လူမှုကွန်ရက်မှာ ဝေဖန် ခံနေရတယ်လို့ သိရပါတယ်။ ဒီပွဲတော်ကို ဟန်ဇူးဒေသမှာ ကျင်းပ ပြုလုပ် ခဲ့တာ ဖြစ်ပြီး အမျိုးသားနဲ့ အမျိုးသမီးတို့ အမြန် ရင်းနှီးပြီး ချစ်သူတွေ ဖြစ်သွားအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ပျော်ပွဲရွှင်ပွဲတွေ ထည့်သွင်းမှု ပြုလုပ် ခဲ့ပြီး စိတ်ဝင်စားစရာ ပြိုင်ပွဲတွေလည်း ပါဝင် ခဲ့ပါတယ်။ အထူးခြားဆုံးက အမျိုးသမီးတွေကို မိတ်ကပ်တွေ ဖျက်စေပြီး သဘာဝ အတိုင်းထားကာ ဘီကီနီဝတ်စုံ ၀တ်ဆင် စေခိုင်းခြင်း ဖြစ်ပါတယ်။ အမျိုးသမီး တစ်ဦးရဲ့ ပင်ကိုအလှ ပေါ်လွင်စေဖို့ ပြိုင်ပွဲ ၀င်ရောက် ကစားတဲ့ အမျိုးသမီးတွေကို ရေဇလုံမှာ မျက်နှာသစ် စေခဲ့ပါတယ်။ ဒီနောက် ဘီကီနီဝတ်စုံ ၀တ်ဆင်ပြီး မတ်တတ် ရပ်နေ ရပါတယ်။ စိတ်ဝင်စားတဲ့ အမျိုးသားက အမျိုးသမီးရဲ့ ရင်သားကို ပေတိုင်းတဲ့ အရာနဲ့ တိုင်းတာမှု ပြုလုပ် ခဲ့ပါတယ်။

ပြိုင်ပွဲ စီစဉ်သူတွေက အပျော်သဘောနဲ့ ပြုလုပ်တာ ဖြစ်ပေမယ့် တရုတ် လူမှုကွန်ရက်တွေမှာ ရင်သားကို တိုင်းတာနေတဲ့ ဓာတ်ပုံကို ဝေဖန် ခဲ့ပါတယ်။ အမျိုးသမီးတွေ အတွက် အရှက် ရစရာ ဖြစ်ကြောင်း၊ ယခု အပြုအမူမှာ အမျိုးသမီး တစ်ဦး အတွက် ရင်သားနဲ့ မျက်နှာက ပိုမို အရေးကြီး သလို ဖြစ်နေကြောင်း၊ ယခုပွဲမှာ အမျိုးသားတွေ ကြီးစိုးနေတဲ့ စိတ်ရူးပေါက်တဲ့ ပြိုင်ပွဲမျိုး ဖြစ်ကြောင်း၊ အမျိုးသမီးတွေ အပေါ် လေးစားမှု မရှိတဲ့ ပွဲလည်း ဖြစ်ကြောင်း မှတ်ချက် အသီးသီး ပေးခဲ့ပါတယ်။ ဒီပွဲတော်ကို ၀င်ရောက် ဆင်နွှဲသူ ( ၃၀၀၀၀)ကျော် ရှိပြီး လွန်ဆွဲပွဲနဲ့ အခြား ပျော်ပွဲရွှင်ပွဲတွေကိုလည်း ထည့်သွင်း ကျင်းပ ပေးခဲ့ကြောင်း သိရ ပါတယ်။

The Messenger

No comments:

Post a Comment