Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 6, 2015

ရေဘေးသင့်ပြည်သူများ အတွက် အိန္ဒိယနိုင်ငံ မှ ထောက်ပံ့ပစ္စည်းများ ရောက်ရှိ


ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ ပေးပို့သည့် ထောက်ပံ့ပစ္စည်းများကို လက်ခံရယူစဉ်

ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ တင်ဆောင်လာသော အိန္ဒိယတပ်မတော်(လေ) မှ လေယာဉ်များအား တွေ့ရစဉ်

ကလေး ၊ ၇-၈-၂၀၁၅

မြန်မာနိုင်ငံရှိ ရေဘေးသင့် ပြည်သူများ အတွက် အိန္ဒိယနိုင်ငံမှ ထောက်ပံ့ ပေးအပ်သည့် ဆန် ၁၈ဝ အိတ်၊ ခေါက်ဆွဲခြောက် ၃၅ ဖာနှင့် ဆေးပစ္စည်း ၆ဝ ဖာ စုစုပေါင်း ၁ဝ ဒသမ ၁၇ တန်အား တင်ဆောင် လာသော အိန္ဒိယ တပ်မတော်(လေ) မှ လေယာဉ်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၂ဝ မိနစ်တွင် ကလေး လေဆိပ်သို့ ဆိုက်ရောက် လာသည်။

ထောက်ပံ့ပစ္စည်း များအား အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မင်းနောင် နှင့် တာဝန်ရှိသူများက လက်ခံရယူ ကြသည်။

အလားတူ ဆန်အိတ် ၉ဝဝ နှင့် ဆေးပစ္စည်းများ၊ ခေါက်ဆွဲခြောက် များ စုစုပေါင်း ၄၅ တန်ခွဲ ကျော်အား တင်ဆောင်လာသော အိန္ဒိယ တပ်မတော် (လေ)မှ လေယာဉ်သည် ညပိုင်းတွင် မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ရောက်ရှိ လာသည်။ ထောက်ပံ့ ပစ္စည်းများအား မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိ သူများက လက်ခံ ရယူကြသည်။

အဆိုပါ အိန္ဒိယ တပ်မတော်မှ လေယာဉ်များဖြင့် မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူများ အတွက် ထောက်ပံ့ပစ္စည်းများ ထပ်မံ ဆိုက်ရောက် မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

#PyiChitThar

No comments:

Post a Comment