Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 8, 2015

Ad ကနေတစ်ဆင့် Facebook Page နဲ့ တိုက်ရိုက်မက်ဆေ့ဂ်ျပေးပို့ နိုင် တဲ့ Facebook ရဲ့ လုပ်ဆောင်ချက် အသစ်



သင်ဟာ Facebook Page တစ်ခုကို လုပ်ဆောင်နေတဲ့ လူတစ်ယောက်နဲ့ အဆက်အသွယ်လုပ်ဖို့အတွက် အဲဒီ Page ရဲ့ Profile ထိပ်ကိုသွားပြီး ကွန်မန့် အဟောင်းတွေကို ပြန်ရှာနေစရာမလိုတော့ပါဘူး။ အခုပဲ Facebook က သင့်ကို Ad တစ်ခု တွေ့တာနဲ့ ထို Ad ရဲ့ ပိုင်ရှင် စီးပွားရေးလုပ်ငန်းဆီသို့ တိုက်ရိုက် မက်ဆေ့ဂ်ျ ပေးပို့ခွင့်ပြုလိုက်ပါပြီ။

Facebook Page ရဲ့ ပိုင်ရှင် စီးပွားရေး လုပ်ငန်း အနေနဲ့လည်း Call to Action ခလုတ်ကနေ တစ်ဆင့် ဖြစ်နိုင်ချေရှိတဲ့ ၀ယ်ယူသူတွေကို တိုက်ရိုက် မက်ဆေ့ဂ်ျ ပေးပို့ပြီး သတင်းအချက်အလက် တွေ ဖြန့်ဝေပေးလို့ရနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Facebook Page ရဲ့ Admin တွေအနေနဲ့လည်း မိမိတို့ ရဲ့ စာမျက်နှာ ပေါ်မှာ ချန်ထားခဲ့တဲ့ ကွန်မန့်တွေကို (သီးသန့်ဖတ်ရှုပြီး) တိုက်ရိုက် တုံ့ပြန်နိုင်စေရန် Call to Action ကနေ တစ်ဆင့်ပဲ ပြုလုပ်နိုင်သေးတယ်လို့လည်း သိရပါတယ်။ အဲဒီလို လုပ်ဆောင်ထားလိုက်တဲ့အခါမှာ ထိုကွန်မန့်တွေဟာ မိမိ သတ်မှတ်ပေးထားတဲ့ Visitor တွေကိုပဲ ပြသခွင့်ပြုရန်လည်း ရွေးချယ် နိုင်ဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Facebook Page တွေဟာ မက်ဆေ့ဂ်ျတွေအပေါ် တုံ့ပြန်နှုန်းအရလည်း အဆင့်သတ်မှတ်ချက်တွေ ရရှိဦးမှာဖြစ်ပြီး မက်ဆေ့ဂ်ျတွေကို အကောင်းဆုံး တုံ့ပြန်နိုင်တဲ့ အဆင့်သတ်မှတ်ချက်ကို ရရှိဖို့အတွက်ကတော့ မက်ဆေ့ဂ်ျ ရဲ့ ၉၀ ရာခိုင်နှုန်း မက်ဆေ့ဂ်ျတွေကို ပျမ်းမျှ ကြာချိန် ၅ မိနစ် အတွင်း ပြန်လည် ဖြေဆိုရမှာ ဖြစ်ပါတယ်။

သင့်ရဲ့ Personal Settings ထဲကတစ်ဆင့် ထို လုပ်ဆောင်ချက်ကို ဖယ်ရှားလိုက်ရင်လည်း သင့်ရဲ့ လုပ်ငန်းနဲ့ စာမျက်နှာကနေ သင့်ဆီကို တိုက်ရိုက်ဆက်သွယ်မှု တွေ ပြုလုပ်ခွင့်ပေးတော့မှာမဟုတ်ပါဘူ။ ထို တိုက်ရိုက် မက်ဆေ့ဂ်ျ ပေးပို့ခြင်း လုပ်ဆောင်ချက်ကို အခုပဲ စတင်အသုံးပြုလို့ရနေပါပြီ။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget

No comments:

Post a Comment