Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 26, 2015

9/11 မှာ အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်တဲ့ ‘ဖုံမှုန့် အမျိုးသမီး’ အဖြစ် နာမည်ကျော်သူ Marcy Borders အစာအိမ်ကင်ဆာကြောင့် သေဆုံး



အဆိုပါဓာတ်ပုံဟာ 9/11 ဖြစ်ရပ်ဆိုးကြီးကို ကွက်ကွက်ကွင်းကွင်းဖော်ပြနိုင်တဲ့ ဓာတ်ပုံတွေထဲကတစ်ပုံ ဖြစ်ပါတယ်။

Marcy Borders ဆိုသူအမျိုးသမီးဟာ ၂၀၁၁ ခုနှစ်၊စက်တင်ဘာ ၁၁ ရက်နေ့ က ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (WTC) ပြိုကျမှုမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကွန်ကရစ်မှုန့် တွေနဲ့ ဖုန်မှုန့် တွေ ဖုံးနေတဲ့သူမအဖြစ်ကို ဓာတ်ပုံသမားတစ်ယောက်က အမိအရ ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပါတယ်။

အဆိုပါဓာတ်ပုံကြောင့် ‘Dust Lady’ လို့ နာမည်ကြီးတဲ့ အသက် ၄၂ နှစ်အရွယ်၊ ကလေးနှစ်ယောက်အမေ Marcy Borders ဟာ တင်္နလာနေ့ က အစာအိမ်ကင်ဆာနဲ့ သေဆုံးသွားပြီဖြစ်ပါတယ်။

၂၀၁၄ သြဂတ်စ်လမှာ Borders ဟာ ကင်ဆာရောဂါကို စတင်ရှာဖွေတွေ့ ရှိခဲ့ပြီးနောက်ပိုင်း ကင်ဆာဓာတုကုထုံးအပါအ၀င် ကုသမှုတွေခံယူနေခဲ့ရပါတယ်။ အမြွှာပူးတာဝါ အဆောက်အအုံပြိုကျမှုက ဖုန်မှုန့် တွေကြောင့် သူမ ကင်ဆာရောဂါရခဲ့တာဖြစ်တယ်လို့ နိုဝင်ဘာလမှာ သူမက ပြောဆိုခဲ့ပါတယ်။ 

“ ကျွန်မလုံးဝထင်ပါတယ်။ဘာလို့ လည်းဆိုတော့ အရင်က ကျွန်မမှာဘာရောဂါမှမရှိပါဘူး။ သွေးဖိအားလည်း မများဘူး။ ကိုလက်စရောလည်း မများဘူး။ ဆီးချိုရောဂါလည်းမရှိခဲ့ဘူး” လို့ Borders က ပြောပြခဲ့ပါတယ်။

နယူးဂျာစီဖွား Borders ဟာ 9/11 ဖြစ်ပွားစဉ်က Bank of America မှာ အလုပ်စ၀င်တာ တစ်လပဲ ရှိသေးပြီး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားစဉ်က ရုံးနောက်ကျနေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ ကျွန်မစားပွဲက တိုလီမိုလီလေးတွေရှင်းပြီး အလုပ်စလုပ်ဖို့ ပြင်ဆင်နေတာ။ အဲဒီအခိုက်မှာပဲ လေယာဉ်က ၀င်တိုက်တော့တာပဲ။ အဆောက်အဦးက အဲဒီအချိန်မှာ စတုန်ခါလှုပ်ယမ်းနေတယ်။ ကျွန်မ ခြေမကိုင်မိလက်မကိုင်မိနဲ့ သွေးရူးသွေးတန်းဖြစ်နေတာပေါ့။ အပြင်ရောက်ဖို့ အတွက် အသည်းအသန်ကြိုးစားခဲ့ရပါတယ်” လို့ သူမက Daily Mail ကို ၂၀၁၁ ခုနှစ်တုန်းက ပြောပြခဲ့ပါတယ်။

ဖုန်မှုန့် တွေဖုံးနေတဲ့သူမကို ယောင်္ကျားတစ်ယောက်က လုံခြုံတဲ့အဆောက် အဦးတစ်ခုဆီ ဆွဲခေါ်သွားတုန်းမှာ အဆိုပါဓာတ်ပုံကို ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ AFP သတင်းဌာနက Stan Honda ဆိုသူရိုက်ကူးခဲ့တဲ့ Marcy Borders ရဲ့ဓာတ်ပုံဟာ Time မဂ္ဂဇင်းရဲ့ သြဇာအလွှမ်းဆုံး ဓာတ်ပုံ ၂၅ ပုံစာရင်းမှာ ပါဝင်ခဲ့ပြီး ဆယ်စုနှစ်ရဲ့ အသိအမှတ်အပြုခံရဆုံးဓာတ်ပုံတစ်ပုံဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဒီဓာတ်ပုံကို အမှီပြုပြီး ‘The Ballad of Marcy Borders’ ဆိုတဲ့ သီချင်းတစ်ပုဒ်ထွက်ပေါ်ခဲ့ကာ အင်တာနက်မှာအပေါက်ဆုံးသီချင်း တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror

No comments:

Post a Comment