Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 5, 2015

7Day News Journalရဲ့ ရေဘေးအလှူဓာတ်ပုံများ


7Day News Journalရဲ့ ရေဘေးအလှူဓာတ်ပုံများ
Posted by The Melting Pot 4 U on Wednesday, 5 August 2015
7Dayနှင့်Hero Foundationတို့မှတစ်ဆင့်ရဟန်းပြည်သူများ၏ရေဘေးအလှုူ.
များလိုအပ်နေသည့် နေရာများသို့ အမြန်ရောက်အောင် ကြိုးစားပို့ဆောင်လှူဒါန်းလျှက်ရှိပါသည်။
7Day နှင့် Hero Foundation တို့မှ အဖွဲ့သားများသည် ရေလွှမ်းမိုးမှုဆိုးရွားစွာကြုံတွေ့ခဲ့ရသည့်ဒေသများဖြစ်သော ရခိုင်ပြည်နယ်တွင် စစ်တွေမြို့ ၊ မကွေးတိုင်းတွင်
မကွေးမြို့ နှင့် စစ်ကိုင်းတိုင်းတွင် ကလေးမြို့တို့တွင် အသီးသီးအခြေစိုက်ကာ ပတ်ဝန်းကျင်ရှိ ရေဘေးသင့် ကျေးရွာများသို့ နေ့စဉ် သွားရောက် လှူဒါန်းလျှက်ရှိပါသည်။
သြဂုတ်လ ၄ရက်တွင်တော့ မကွေးမြို့မှ အဖွဲ့သားများသည် စေတုတ္တရာမြို့မှ စက်လှေနှင့် ၂နာရီကြာသွားရသည့် ငလဲရွာကိုအရောက်သွားကာ တစ်ရွာလုံးရေမြုပ်ပြီး
တောင်ခြေတွင်စုနေရသည့် ရွာသားများထံ လိုအပ်သော ဆန်၊ဆီ၊ဆား ဆေးဝါးအသုံးအဆောင်အထောက်အပံ့များလှူဒါန်းနိုင်ခဲ့ပါသည်။
ကလေးမြို့နယ်တွင်ဆိုလျှင် ရေစီးကြမ်း၍ ဖြတ်သန်းရခက်ခဲသော ဆည်ကြီးချောင်းကို ဖြတ်သန်းကာ ဆည်ကြီးရွာမှ ရွာသားများထံ အထောက်အပံ့ပစ္စည်းများ
ပို့ဆောင်လှူဒါန်းနိုင်ခဲ့ပါသည်။အလားတူ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှ ရွာများသို့လည်း အရောက်သွားလျှက်ရှိကာ လိုအပ်နေသော
အစားအသောက် ဆေးဝါးနဲ့အသုံးအဆောင်များ ပို့ဆောင်လှူဒါန်းပေးလျှက်ရှိပါသည်။
Hero Foundation Myanmar

No comments:

Post a Comment