Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 7, 2015

လူမည်းတွေကို ဂေါ်ရီလာနဲ့ မှား Tag တဲ့ Google




Google Photos app သစ်ဟာ လူမည်း ပရိုဂရမ်မာ Jacky Alcine နဲ့ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ကို ဂေါ်ရီလာ နဲ့မှား tagခဲ့တယ်လို့ Jacky က Twitter ပေါ်ကနေပြောခဲ့ပါတယ်။
Google ဟာ လူဖန်တီးထားတဲ့အသိဉာဏ်နဲ့ စက်ပိုင်း လေ့လာမှုမှာ ဦးဆောင်နေသူပါ။ ဒါပေမဲ့ Google ရဲ့ ကွန်ပျူတာတွေဟာ အများကြီးလေ့လာရဦးမှာပါ။ Google ရဲ့ Photos App ဟာ လူမည်းတွေကို ဂေါ်ရီလာတွေ အဖြစ်နဲ့ မှားယွင်း Tag ခဲ့တဲ့ အမှားအယွင်းကို web developer ဖြစ်သူ Jacky ကရှာဖွေတွေ့ရှိပြီး Twitter ပေါ်မှာ ဓာတ်ပုံတင်ခဲ့တာပါ။ “Google Photosဟုတ်လား၊ ချီးထုပ်ပဲ။ ငါ့သူငယ်ချင်းက ဂေါ်ရီလာမဟုတ်ဘူးကွ။” လို့လည်း သူကရေးခဲ့ပါသေးတယ်။
Google က တောင်းပန်မှုပြုခဲ့ပြီး ဒီအမှားအယွင်းကို ပြင်ဆင်သွားမယ်လို့ Twitter မှာဖော်ပြခဲ့ပါတယ်။
ဒီလိုဖြစ်ခဲ့တာ ကျွန်တော်တို့လည်း စိတ်ပျက်မိပါတယ်၊ ပြီးတော့ အနူးအညွတ် တောင်းပန်ပါတယ်။ အလိုအလျောက် ပုံရိပ် အညွှန်းတပ်တာနဲ့ပတ်သက်ပြီး အများကြီးလုပ်ဆောင်ဖို့ လိုအပ်ပါသေးတယ်။ နောင်အနာဂတ်မှာ ဒီလိုမျိုး အမှားအယွင်းထပ်မဖြစ်ရအောင် ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ကာကွယ်ရမယ် ဆိုတာကိုလည်း ကျွန်တော်တို့ ရှာဖွေနေပါတယ်။” လို့ Googleရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဆိုပါတယ်။
Ref:The Australian
http://www.trend.com.mm/2015/07/02/tech-7049

No comments:

Post a Comment