Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 16, 2015

ဒီတစ်ပတ်ကြည့်ရမယ့် ဟောလိဝုဒ်ရုပ်ရှင် Strangerland


ဒီတစ်ပတ်တော့ မင်းသမီးနစ်ကိုးကစ်ဒ်မန်း ခေါင်းဆောင်ပါဝင် ထားတဲ့ သည်းထိတ်ရင်ဖို ဒရာမာ ဇာတ်ကားသစ်လေးကို ပရိသတ် တွေအတွက် ရွေးချယ်ထားပါ တယ်။ သြစတြေးလျကုန်းခေါင် ရေဝေး အရပ်နေ မိသားတစ်စု သားနဲ့ သမီးကို သဲကန္တာရထဲမှာ ပျောက်ဆုံးသွားတဲ့နောက် သောကပွေလီ အခက်ကြုံရတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ပါကာမိသားစုဝင်တွေ ဖြစ် တဲ့ ကက်သရင်းပါကာ (နစ်ကိုး ကစ်ဒ်မန်း)၊ မက်သရူးပါကာ (ဂျိုး ဇက်ဖိုင်းစ်)တို့မှာ လီလီနဲ့ တော် မီဆိုတဲ့ ကလေးနှစ်ယောက်ရှိပါ တယ်။ သူတို့မိသားစုဟာ ဘ၀ သစ်စတင်ဖို့အတွက် သြစတြေး လျက ကုန်းခေါင်ရေဝေးသဲ ကန္တာရမြို့တစ်ခုမှာ အခြေချခဲ့ကြပါတယ်။ မက်သရူးက ဆေးဆိုင် ဖွင့်ထားတာမို့ တစ်ချိန်လုံးဆိုင်မှာပဲ အလုပ်လုပ်နေပြီး ကက်သရင်းကတော့ အိမ်မှာ ကလေးနှစ်ယောက်ကို အနီးကပ်စောင့် ရှောက်ရတာပါ။
သူတို့မိသားစုဟာ ယဉ်ကျေးဖော်ရွေကြပေမယ့် ဘယ်သူနဲ့မှ တရင်းတနှီးနေထိုင်တာမျိုး မရှိကြပါဘူး။ သူတို့ပြောင်းလာတဲ့အရပ်က ပူလွန်းပြီး ပျင်းဖို့ ကောင်းတာကြောင့် ကလေးနှစ်ယောက်က အတော်ကိုစိတ်ညစ် နေခဲ့ပြီး မြို့ကစကိတ်ကွင်းမှာပဲ အချိန်ဖြုန်းခဲ့ကြပါတယ်။ အဲဒီမှာ ခပ်ဆိုးဆိုးတေတေ စတိဗ်ဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့ သိကျွမ်းခဲ့ကြပါတယ်။ အဲဒီနောက် သဲမုန်တိုင်းကြီးတစ်ခု မတိုက်ခင် တစ်ရက်မှာ လီလီနဲ့ တော်မီ သဲကန္တာရထဲမှာ ပျောက်သွားခဲ့တာကြောင့် ကက်သရင်းနဲ့ မက်သရူးတို့နှစ်ယောက် အရူးမီးဝိုင်း ဖြစ်ခဲ့ရပါတယ်။
နောက်ရက်မှာတော့ သဲမုန်တိုင်း အကြီးအကျယ် ကျခဲ့ပြီး တစ်လောကလုံး သဲတွေ၊ ဖုန်တွေနဲ့ မည်းမှောင်နေခဲ့ပြီး နယ်မြေခံရဲဖြစ်တဲ့ ဒေးဗစ်(ဟူဂိုပီဗင်း) ရဲ့ အကူအညီနဲ့ ကလေး နှစ်ယောက် ရှာ ဖွေဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒေးဗစ် ကတော့ စတိဗ်ကို သံသယ၀င်ခဲ့ ပြီး ပါကာမိသားစုရဲ့ အိမ်နားမှာ ကူညီနေတဲ့ ရှေးဟောင်းသြစ တြေးလျမျိုးနွယ်ဝင် ဘာတီဆိုသူ ကိုလည်း သံသယ၀င်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သြစ တြေးလျရှေးဟောင်းစာတွေဟာ ဒေသခံတွေအကြား ပျံ့နှံ့လာပြီး ကက်သရင်းတို့ ဇနီးမောင်နှံအ ပေါ် မယုံသင်္ကာတွေ ဖြစ်လာခဲ့ ပါတယ်။ တစ်ရက်မှာတော့ လီလီ ၀ှက်ထားတဲ့ ဒိုင်ယာရီကို ကက် သရင်း ရှာတွေ့ခဲ့ပြီး အဲဒီထဲမှာ ရှေးဟောင်းကဗျာတစ်ပုဒ် ရေး ထားတာ တွေ့ပြီး သူတို့ ကြား ကြားနေတဲ့ ကဗျာရွတ်သံ သဲ့သဲ့ ထဲက စာသားတွေ ဖြစ်နေတဲ့အ ခါမှာတော့ လီလီပျောက်ဆုံးမှုက ဒီရှေးဟောင်းစာနဲ့ ဘယ်လိုဆက် စပ်နေသလဲ။ လီလီနဲ့ တော်မီကို ပြန်ရှာတွေ့နိုင်မှာလားဆိုတာကို ကိုယ်တိုင်ပဲ အသည်း တထိတ် ထိတ် ရှုစားလိုက်ပါဦးနော်။     ။
http://www.7daydaily.com/story/42023

No comments:

Post a Comment