Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 6, 2015

အမေရိကန် လွတ်လပ်ရေးနေ့ကို အပေါ်ပိုင်းဗလာ Selfie နဲ့ ဂုဏ်ပြုခဲ့တဲ့ Irina Shayk





မော်ဒယ်လ်မလေး Irina Shayk ဟာ အမေရိကန် လူမျိုးတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဇူလိုင် ၄ ရက်နေ့မှာတော့ သူမဟာ အမေရိကန် လွတ်လပ်ရေးနေ့အတွက် အံ့အားသင့်စရာ ဓါတ်ပုံ  ၁ပုံ နဲ့ ဂုဏ်ပြုလိုက်ပါတယ်။

သူမဟာ သူမရဲ့ ပဲရစ် ခရီးစဉ်အတွင်း အိပ်ရာကနိုးကာစ ၀တ်လစ်စလစ် နီးပါး အပေါ်ပိုင်းဗလာ နဲ့ Selfie ဓါတ်ပုံကို Instagram မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။ ကင်မရာကိုကြည့်နေပြီး Irina ဟာ အောက်ခံဘောင်းဘီ တစ်ထည်သာ ၀တ်ဆင်ထားကာ သူမရဲ့ တင်ပါးတွေကို ဖုံးအုပ်ထားခဲ့တာ ဖြစ်ပါတယ်။

သူမဟာ "မြင့်မားကာ တောက်ပခြင်း .... မင်္ဂလာနံနက်ခင်းပါ... ဆိုလိုတာက ပဲရစ်မြို့ကြီး မင်္ဂလာညနေခင်းပါ..#happy4thofjuly" လို့ Instagram မှာ ရေးသားထားပါသေးတယ်။ လက်ရှိမှာ ရုရှားလူမျိုး အလှပဂေးဟာ W မဂ္ဂဇင်းအတွက် အခြား အမိုက်စား မော်ဒယ်လ် ၅ ယောက်နဲ့အတူ ဓါတ်ပုံ ရိုက်ပြထားပြီး အားလုံးကို အံ့အားသင့်စေခဲ့ပြီးပါပြီ။

ရီးရဲ မက်ဒရစ် အသင်းက ကမ္ဘာကျော် ကစားသမား ခရစ္စတီယာနိုရော်နယ်ဒို ရဲ့ ရည်းစားဟောင်းလည်း ဖြစ်တဲ့ Irina ဟာ ဒိုလေး နဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်နဲ့အတူရှိနေတာကိုလိုချင်ပေမယ့် တစ်ယောက်ဆိုတစ်ယောက်တည်းပဲ လိုချင်မိတယ် လို့ ခံစားချက်တွေရင်ဖွင့်ခဲ့ပါတယ်။

ဒိုလေးနဲ့ လမ်းခွဲခဲ့ရတဲ့ ပြသနာ ကတော့ ဒိုလေးရဲ့ မိုဘိုင်းလ် ဖုန်းထဲမှာ အခြား အမျိုးသမီးတွေဆီက ပေးပို့ထားတဲ့ မက်ဆေ့ဂ်ျ တွေတွေ့ခဲ့တဲ့အတွက် ပဲ ဖြစ်ပါတယ်တဲ့။ 

"ဒါဟာ အရမ်းရိုးရှင်းပါတယ်။သင်ဟာ သင့်ဘ၀ ရဲ့ လက်တွဲဖော် ကို သစ္စာရှိနေရမှာဖြစ်ပြီး လျှို့ဝှက်ချက်တွေမရှိရပါဘူး။ ဒါဟာ ကျွန်မရဲ့ စည်းမျဉ်းပဲ" လို့ Irina က ပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment