Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 5, 2015

ကလေးများနဲ့ မသင့်တော်သော စာသားများ ၊ ကြမ်းတမ်းမှုများ နဲ့ ၀တ်လစ်စလစ်များ ပါဝင်တဲ့ Rihanna ရဲ့ MTV အသစ်





အသက် (၂၇)နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် Rihanna နောက်ဆုံး ဖြန့်ချိလိုက်တဲ့ "B*tch Better Have My Money " ဆိုတဲ့ MTV မှာ "ကလေးများ ကြည့်ရှုရန်မသင့် " ၊ "သင့်အလုပ်တွင် ဖွင့်ကြည့်ရင် မသင့် " ဆိုသော သတိပေး စာသားများ ပါဝင်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ဖြန့်ချိခဲ့တဲ့ အဆိုပါ ဂီတဗီဒီယိုဟာ သတိပေးစားသားများ ပါပေမယ့်လည်း ကြည့်ရှုမှုပေါင်း သုံးသန်းနီးပါးထိ ရောက်ရှိခဲ့ပါတယ်။

အဆိုပါ ဗီဒီယိုကို ရီဟားနားက ပူးတွဲဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး အခြား ကြည့်ရှုရန်မသင့်တော် ဆိုသော ဂီတဗီဒီယို တွေထက် ရင်သားဖော်ပြမှုတွေ ဗီဒီယိုထဲမှာ ပါဝင်နေပါတယ်။

(7)မိနစ်ကြာတဲ့ အဆိုပါ ဗီဒီယိုထဲမှာ ချမ်းသာတဲ့ ဆံပင်ရွှေရောင်နဲ့ အမျိုးသမီးတစ်ဦးကို လူသူပြတ်တဲ့နေရာကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အ၀တ်အစားချွတ် ၊ဇောက်ထိုးချိတ်ကာ လွှဲရမ်းပုံ စတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

ဘယ်လို ဆိုးဝါးတဲ့ အခန်းတွေ ပါသလဲ ဆိုတာ အောက်ပါဗီဒီယိုမှာ ကိုယ်တိုင် ဆက်လက် ကြည့်ရှုကြည့်နိုင်ပါတယ်။






http://celebrity.thithtoolwin.com/2015/07/rihanna-mtv.html

No comments:

Post a Comment