သိပ်မကြာခင်မှာပဲ သူဟာ သည်းခြေရည်ပြွန် ကြီးထွားမှုကို ဖယ်ထုတ်ဖို့ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ လအနည်းငယ်ကြာပြီးတဲ့နောက် သူ့ကျန်းမာရေးအပေါ် စိုးရိမ်မှုရှိကြတဲ့အခါ Twitter မှတဆင့် “ကျွန်တော့်ကျန်းမာရေး တိုးတက်ကောင်းမွန်လာနေပါတယ်” လို့ သူက ပြောဆိုခဲ့ပါတယ်။
ပါရမီထူးတဲ့ programmer Iwata ဟာ Nintendo’s HAL Laboratory ကို ၁၉၈၀ ခုနှစ်များ အတွင်း ပထမဆုံး ဝင်ရောက်ခဲ့ကာ Balloon Fight နဲ့ EarthBound စတဲ့ ဂိမ်းတွေကို ဖန်တီးခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ သူ ကုမ္ပဏီရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်လာပြီး ၂၀၀၂ မှာ Hiroshi Yamauchi ကို ဆက်ခံတဲ့ Nintendo ရဲ့ တစ်ဦးတည်းသော စတုတ္ထမြောက်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်တဲ့ သူ့သက်တမ်းမှာ Iwata က ဗီဒီယိုဂိမ်း ကုမ္ပဏီတစ်ခုအဖြစ် Nintendo ရဲ့ သမိုင်းတလျှောက် အပြင်းထန်ဆုံး (Wii, DS) နဲ့ အပျော့ညံ့ဆုံး (GameCube, Wii U) ကာလတွေထဲ တစ်ချို့ကို ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။
ကုမ္ပဏီနဲ့ Nintendo fan နှစ်ခုလုံးမှာ အလွန့်အလွန် လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် သူ့အား အလွန်တရာမှ အမှတ်ရ လွမ်းဆွတ်နေကြရမှာပဲဖြစ်ပါတယ်။
Ref: Kutaku
http://www.trend.com.mm/2015/07/13/news-7144
No comments:
Post a Comment