Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 19, 2015

Miss Thailand Universe အလှမယ်ပြိုင်ပွဲ သျှမ်းမလေး Miss Colorful life by B-ing ဆု ရရှိ


ဂျူလိုင်လ ၁၉ ရက် ၂၀၁၅

ဂျူလိုင်လ ၁၈ ရက်က ကျင်းပသော Miss Thailand Universe ၂၀၁၅ အလှမယ်ပြိုင်ပွဲတွင် သျှမ်းမလေး နန်းဆောဝ် အားရိဆာ ဆန်တိထမ်းသည် ဇကာတင် ၁၀ အတွင်းပါဝင် ရွေးချယ်ခြင်းခံရပြီး Miss Colorful life by B-ing ဆုကိုပါ ဆွတ်ခူးရရှိခဲ့ပါသည်။

သူမရရှိခဲ့သော အသားအရေအလှပိုင်ရှင် Miss Colorful life by B-ing ဆုမှာ ထိုင်းဘတ်ငွေ ၁ သိန်းဆုနှင့် အသက်အာမခံ ကြေး ဘတ် ၃ သန်း ဆုရရှိခဲ့သည်။


ယခုနှစ်ဆန်းပိုင်းက ချင်းမိုင်မြို့တွင်ကျင်းပသော ထိုင်းအလှမယ်ပြိုင်ပွဲမှ ပထမ ရရှိသူ သျှမ်းမလေး နန်းဆောဝ် အားရိဆာ ဆန်တိထမ်းသည် ထိုင်းနိုင်ငံတဝှမ်းလုံးမှ Miss Thailand Universe ယှဉ်ပြိုင်သူ ၄၀ ဦးအနက် ဇကာတင် ၁၀ ဦးတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ချင်းမိုင်ခရိုင် ဖှန်မြို့နယ် မွမ့်ပင်အုပ်စု ပါဟင့်ရွာနေ စိုင်းအေး နန်းခမ်းယုံ တို့၏သမီး နန်းနောင့်အွန် (နန်းဆောဝ် အားရိဆာ ဆန်တိထမ်း) အသက် ၁၈ နှစ် သည် ဂျန္နဝါရီလက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော ဆောင်း ရာသီ ပွဲတော်၏ ချင်းမိုင် အလှမယ် ပြိုင်ပွဲ တွင် ပထမရခဲ့သူဖြစ်ပါသည်။


ထိုင်းနိုင်ငံ၏ ၂၀၁၅ Miss Thailand Universe အလှမယ်ဆုကိုမူ MS.ANIPORN CHALERMBURANAWONG ကဆွတ်ခူးရရှိခဲ့ပါသည်။

၂၀၁၅ ခုနှစ်အတွက် Miss Universe ပြိုင်ပွဲကြီးကို ၂၀၁၅ ဒီဇင်ဘာလ အတွင်း တရုတ်နိုင်ငံတွင်ကျင်းပ နိုင်ဖွယ်ရှိကြောင်းလည်း ၎င်းတို့၏ လူမှု ကွန်ယက်စာ မျက်နှာတွင်ဖော်ပြထားပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

No comments:

Post a Comment