Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 28, 2015

လူမြင်ကွင်းမှာနမ်းခဲ့တဲ့ Lesbian စုံတွဲကို လုံခြုံရေး ၀န်ထမ်းတစ်ဦး တားမြစ်




ဝေးလ်နိုင်ငံ Pembrokeshire ပြည်နယ် က အသက် ၃၅ နှစ်အရွယ် Mog Wilde နဲ့ Freya ဆိုသူ Lesbian အမျိုးသမီး ၂ ဦးဟာ Cardiff Bay မှာ ကျင်းပတဲ့ အစားအသောက် ပွဲတော် ကို သွားရောက်လည်ပတ်စဉ်မှာ အခြား လာရောက် လည်ပတ်သူတွေက သူမတို့ နှစ် ယောက်ရဲ့ အပြုအမူတွေကို မခံစားနိုင်တော့တဲ့အတွက် လုံခြုံရေး ၀န်ထမ်းတစ်ဦးကို ခေါ်ပြီး သူမတို့ကို တားမြစ်ခိုင်းလိုက်ရပါတယ်။ 
"ကျွန်မတို့ တိုက်ရိုက်ဖျော်ဖြေနေတဲ့ ဂီတ ကို နားဆင်နေတာပါ။ ပြီးတော့ Freya က လှပနေတဲ့အတွက် ကျွန်မ သူ့ကို နမ်းလိုက်ပါတယ်။ ဒီနေ့ဟာ Freya ရဲ့မွေးနေ့ပါ။ ပြီးတော့ လူတစ်ယောက်ရောက်လာပြီး ကျွန်မတို့ အပြုအမူက အနှောင့်အယှက် ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီနားမှာ ကလေးတွေ ရှိနေတဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။ ကျွန်မတို့ ဘာအမှားမှ မလုပ်ပါဘူး။ ကျွန်မ အဲ့လောက်လည်း မရှက်တတ်ပါဘူး။ ဒါက ကျွန်မကို နည်းနည်းတော့ ဒေါသထွက်စေခဲ့ပါတယ်။" လို့ Mog က ဆိုပါတယ်။   
အဲဒီလို လုံခြုံရေးဝန်ထမ်းတစ်ယောက်က ထို Lesbian စုံတွဲကို တားမြစ်လိုက်ချိန်မှာတော့ အခြား ပွဲလာရောက်သူတွေထဲက Gay နှစ် ယောက် ကလည်း ကူညီပေးဖို့ ရောက်လာပြီး သူမတို့အနားမှာပဲ ထို Gay နှစ် ယောက်ကလည်း တစ်ယောက်ကို တစ်ယောက် နမ်းပြခဲ့ကြပါတယ်။   
Cardiff ကောင်စီ ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ထို Lesbian စုံတွဲကို ပွဲတော်ထဲက မောင်းထုတ်လိုက်တယ် ဆိုတာကိုတော့ ငြင်းပယ်ခဲ့ပါတယ်။ သူရဲ့ အခိုင်အမာ စွပ်စွဲချက်အရတော့ ထို Lesbian စုံတွဲနဲ့ နောက်မှ ရောက်လာတဲ့ gay စုံတွဲ တို့ဟာ အရက်တွေ သောက်ထားတယ်လို့ ဆိုပါတယ်။ သေချာတာကတော့ သူမတို့ Lesbian စုံတွဲကို ပွဲလာရောက်သူအများက အာရုံစိုက်ကာ ကြည့်နေခဲ့ကြပြီး တာဝန်ရှိသူတွေထံ တိုင်ကြားခဲ့ပါတယ်တဲ့။ 
Lesbian စုံတွဲ နမ်းနေတာကို တားမြစ်ခဲ့တဲ့ လုံခြုံရေးဝန်ထမ်းကလည်း သူမတို့ကို မောင်းထုတ်တဲ့စကားတွေ ပြောခဲ့တာမဟုတ်ပဲ ထိုပွဲတော်ဟာ မိသားစု တွေလာရောက်ကြတဲ့ ပွဲတော်ဖြစ်တဲ့အတွက် အခုလို မြင့်မားတဲ့ လိင်ပိုင်းဆိုင်ရာ အမူအကျင့်ကို မကျူးလွန်ဖို့ သတိပေးခဲ့ကြတာ ဖြစ်တယ်လို့ ပဲ ဆိုပါတယ်။
 Ref:metro.co.uk
http://www.trend.com.mm/2015/07/16/human-rights-7181

No comments:

Post a Comment