Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 5, 2015

Kourtney Kardashian နဲ့ကွဲပြီး အသစ်ရနေပြန်တဲ့ Scott Disick





Keeping Up with Kardashians အစီအစဉ်ရဲ့ ဖြစ်ရပ်မှန် ကြယ်ပွင့် Kourtney Kardashian ဟာ ကောလာဟလ တွေကြောင့် Scott Disick နဲ့ ကွဲခဲ့ပြီးတဲ့နောက် Scott ဟာ မိုနာကို မြို့ကို ပြန်လာခဲ့ပြီး အသစ်တစ်ယောက်ရသွားပုံ ပေါ်ပါတယ်။

ဖြစ်ရပ်မှန်ကြယ်ပွင့်တစ်ယောက်ပဲ ဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် Scott ဟာ Kourtney ကို ကလေးတွေနဲ့အတူ လော့အိန်ဂျလိစ်မြို့မှာ ချန်ထားခဲ့ပြီးတဲ့နောက် မွန်တီကာလို ကမ်းခြေမှာ လှပတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အတူ နီးနီးကပ်ကပ် အတူရှိနေခဲ့တာတွေ့ရပြီး ထို အမျိုးသမီးကတော့ စတိုင်ပညာရှင် Chloe Bartoli ပဲ ဖြစ်ပါတယ်။

ညစာ စားပွဲမှာလည်း Scott ရဲ့ လက်တွေဟာ Chloe Bartoli ကို အချိန်တိုင်းလိုလို သိုင်းဖက်ထားပြီး နေပူစာလှုံတဲ့အခါမှာလည်း ၂ ယောက်အတူတူ ရှိနေခဲ့သလို သူတို့ ၂ ယောက်ရဲ့ နေပုံထိုင်ပုံတွေဟာ အရမ်းကို နီးကပ်လွန်းတဲ့အတွက် သူငယ်ချင်းလေးပါ လို့ ပြောလာရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။

အနက်ရောင် ရေကူးဝတ်စုံကို ၀တ်ဆင်ထားတဲ့ Chloe Bartoli နဲ့ အဖြူ ၊ အနက် ကမ်းခြေစတိုင်ဖက်ရှင်တို့ကို ၀တ်ဆင်ထားတဲ့ Scott တို့ကို အခြား ရင်းနှီးတဲ့ သူငယ်ချင်းတွေကလည်း ခရီးစဉ်မှာ အတူတူလိုက်ပါစီးမြောပေးခဲ့ကြပါတယ်။

ဘာပဲဖြစ်ဖြစ် ၊ Scott နဲ့ Kourtney တို့ဟာ ကွာရှင်းလိုက်ကြတာလား ၊ ခဏခွဲနေကြတာလားဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Scott နဲ့ ရင်းနှီးသူတစ်ဦးရဲ့ ပြောကြားချက်အရတော့ အသက် ၃၂ နှစ်ရှိနေပြီဖြစ်တဲ့ Scott ဟာ သူတို့မိသားစုရဲ့ အိမ်မှာ ထောင်ခြောက်မိနေသလို ဖြစ်နေတဲ့ဘ၀ကို သူမပျော်တော့ပဲ အသက် ၃၆ နှစ်အရွယ် Kourtney ကို သူ့အနေနဲ့ လွတ်လွတ်လပ်လပ် နေနိုင်တယ်ဆိုတာကို သက်သေပြချင်နေခဲ့ပါတယ်တဲ့။

Scott နဲ့ Kourtney တို့ဟာ ၉ နှစ်တိတိ တွဲခဲ့ပြီး Mason ၊ Reign နဲ့ Penelope ဆိုတဲ့ ကလေး ၃ ယောက် ရှိကြပါတယ်။ ဒါပေမယ့်လည်း သူတို့ စုံတွဲကြားမှာ ပြသနာတွေကတော့ အမြဲတမ်းရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment