Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 29, 2015

မုန်တိုင်းငယ်မှာ ဆိုင်ကလုန်အဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် Komen အမည်ပေး


ရန်ကုန်၊ ဇူလှိုင် ၃၀

ဘင်္ဂလာပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်မှာ အင်အားပြင်း ဆိုင်ကလုန်မုန်တိုင်း အဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် ယခုအခါ ယင်းဆိုင်ကလုန် မုန်တိုင်းအား Komen ဟု အမည်ပေးလိုက်ပြီဟု ဘင်္ဂလာဒေ့ရှ် မိုးလေ၀သနှင့် ဇလ ဗေဒမှ ကြေငြာသည်။

ယင်းမုန်တိုင်းငယ်သည် တဖြည်းဖြည်း အင်အားကောင်းသော ဆိုင်ကလုန်မုန်တိုင်း အဖြစ်သို့ ရောက်ရှိသွားပြီး မုန်တိုင်း အန္တရယ် သတိပေး အဆင့် (၇) ကို သတ်မှတ်လိုက်ပြီဟု သိရသည်။

ယင်းမုန်တိုင်းသည် ယနေ့ ကြာသပတေး နေ့လယ်ပိုင်းတွင် ဘင်္ဂလာဒေ့ရှ် နိုင်ငံ အရှေ့တောင်ဘက် စစ်တကောင်းမြို့နှင့် ဘာရာဆဲလ် မြို့အကြား ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်နိုင်သည်ဟု ဘင်္ဂလာဒေ့ရှ် မိုးလေ၀သနှင့် ဇလ ဗေဒ တာဝန်ရှိသူများက ခန့်မှန်းထားကြသည်။

ဘင်္ဂလာဒေ့ရှ် မိုးလေ၀သနှင့် ဇလ ဗေဒ၏ ထုတ်ဖော်ပြောကြားချက်အရ ယင်းမုန်တိုင်းသည် ယခုအခါ စစ်တကောင်းမြို့ အနောက်တောင်ဘက် ကီလိုမီတာ ၁၁၀ အကွာတွင် ဗဟိုပြုတည်ရှိနေပြီး ကော့စ်ဘဇား (ဖလောင်းချိတ်)၏ အနောက်- အနောက်မြောက်ဘက် ၁၀၅ ကီလိုမီတာ အကွာတွင် တည်ရှိနေသည်ဟု သိရသည်။

မုန်တိုင်းသည် ကုန်းတွင်းပိုင်းကို ဖြတ်ကျော် ၀င်ရောက် တိုက်ခတ်စဉ် တစ်နာရီကို ၆၂ နှင့် ၈၈ ကီလိုမီတာ အကြား တိုက်ခတ်နိုင်သည်ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ကျေညာချက်အရ မုန်တိုင်းမှာ ယခုအခါ စစ်တွေမြို့၏ အနောက်ဘက် မိုင် ၁၁၀ အကွာတွင်လည်းကောင်း၊ မောင်တောမြို့ အနောက်တောင်ဘက် ၆၅ မိုင် အကွာတွင် ဗဟို ပြုနေသည်ဟု ဆိုသည်။

Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment