Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 2, 2015

iPhone 6S တွင် လျင်မြန်သည့် ဝက်ဘ်ချိတ်ဆက်မှုနှင့် ပိုမိုကောင်းမွန်သည့် ဘက်ထရီ ပါဝင်လာမည်ဟုဆို


Apple ၏ အသစ်ထွက်မည့် iPhone ကို လျင်မြန်သည့် ဝက်ဘ်ချိတ်ဆက်မှုနှင့် ပိုမိုကောင်းမွန်သည့် ဘက်ထရီသက်တမ်းဖြင့် အသုံးပြုနိုင်ဖွယ်ရှိကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။

iPhone 6S ဟု ခေါ်ဆိုဖွယ်ရှိသော အဆိုပါ ဟန်းဆက်တွင် MDM9635M ဟုခေါ်သော Qualcomm ချစ်ပ်နှင့်အတူ မိတ်ဆက်ဖွယ်ရှိကြောင်း Apple ၏ အစီအစဉ်များနှင့် နီးစပ်သိကျွမ်းသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ 9to5Mac မှ ဖော်ပြခဲ့သည်။ အဆိုပါချစ်ပ်ကို Qualcomm က ၂၀၁၃ ခုနှစ်တွင် မိတ်ဆက်ပေးခဲ့သော်လည်း ပြီးခဲ့သည့်နှစ်အထိ ထုတ်လုပ်ခြင်း မရှိသေးပေ။ ၎င်းချစ်ပ်သည် သီအိုရီအရ long-term evolution (LTE) ကွန်ရက်များတွင် download speed 300Mbps အထိ ရရှိနိုင်သောကြောင့် iPhone 6 နှင့် iPhone 6 Plus တွင် ရနိုင်သည့် အမြန်နှုန်း 150Mbps ထက် နှစ်ဆပိုမိုမည် ဖြစ်သည်။

အသစ်ထွက်မည့် iPhone 6S နှင့် ပတ်သက်သည့် ကောလာဟလ သတင်းများအရ အဆိုပါ စမတ်ဖုန်းကို Apple က iOS 9 operating system နှင့်အတူ တစ်ပြိုင်နက် ဖြန့်ချိသွားဖွယ်ရှိနေသည်။ သတင်းဌာနတစ်ခု၏ ဇွန်လတွင် ဖော်ပြချက်အရ iPhone 6S ၏ ဒီဇိုင်းသည် iPhone 6, iPhone 6 Plus တို့နှင့် တူညီသော်လည်း အရွယ်ကြီးမားသည့် ဘက်ထရီကြောင့် အနည်းငယ် ပိုထူလာဖွယ်ရှိကြောင်း သိရသည်။ ၎င်းဟန်းဆက်ကို A9 ဟုခေါ်သည့် ပရိုဆက်ဆာသစ်ဖြင့် ဖြန့်ချိဖွယ်ရှိပြီး screen အရွယ်အစားမှာ လက်ရှိမော်ဒယ်များအတိုင်း ၄.၇ လက်မနှင့် ၅.၅ လက်မဖြင့် ထုတ်လုပ်ဖွယ်ရှိကြောင်း ဆိုသည်။

9to5Mac မှ ဖော်ပြခဲ့သော အသစ်ထွက်မည့် iPhone ၏ ဓာတ်ပုံများသည် အမှန်တကယ်ဖြစ်ခဲ့ပါက ၎င်း၏ ၏ ဒီဇိုင်းမှာ iPhone 6 နှင့် ကွာခြားခြင်း မရှိဟုသော ကောလာဟလသတင်း ဖော်ပြချက်များ မှန်ကန်သည်ဟု ဆိုနိုင်မည် ဖြစ်သည်။

9to5Mac ၏ အဆိုအရ iPhone 6S တွင် ပါဝင်လာဖွယ်ရှိသည့် Qualcomm ၏ စွမ်းဆောင်ရည်မြင့် LTE ချစ်ပ်သည် ဘက်ထရီသက်တမ်းကို ပိုမိုကြာရှည်စေပြီး ယခင်မော်ဒယ်များထက် စွမ်းအင်သုံးစွဲမှု နည်းပါးစေမည်ဟု သိရသည်။

Ref: CNET
http://internetjournal.media/news/3180

No comments:

Post a Comment