Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 27, 2015

ညှို့အားပြင်းတဲ့ ကောက်ကြောင်းတွေကို ဖော်ပြခဲ့တဲ့ “ Game Of Thrones “ ကြယ်ပွင့် Nathalie Emmanuel



 “ Game Of Thrones “ ကြယ်ပွင့် Nathalie Emmanuel ဟာ ဗုဒ္ဓဟူးနေ့က သူငယ်ချင်းတွေနဲ့အတူ Ischia ကို အားလပ်ရက်အနားယူစဉ် သူ့ရဲ့ ညှို့အားပြင်းတဲ့ ကောက်ကြောင်းတွေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Daenerys Targaryen (Emilia Clarke) ရဲ့ အကြံပေးအဖြစ် သရုပ်ဆောင်တဲ့ ၂၆နှစ်အရွယ် ဗြိတိန်နိုင်ငံသူ မင်းသမီးဟာ အနက်ရောင် Luli Fama ရေကူးဝတ်စုံကို ၀တ်ဆင်ပြီး ရွက်လှေပေါ်မှာ တစ်ရက်တာ အနားယူနေခဲ့တာဖြစ်ပါတယ်။

Ischia Global ရုပ်ရှင်နဲ့ တေးဂီတပွဲတော်အတွက် သွားရောက်စဉ် Italy နိုင်ငံ Tyrrhenian ပင်လယ်ရှိ Naples ကမ်းရိုးတန်းရှိ ကျွန်းတစ်ကျွန်းပေါ်မှာ အနားယူနေခဲ့တာဖြစ်ပါတယ်။

Thrones နဲ့ Furious 7 အရောင်းမြှင့်တင်စဉ် ဧပြီလက Collider.com မှာ “ ဒါဟာ အရမ်းမိုက်တဲ့ ခရီးတစ်ခုဖြစ်သလို ကြိုတင်ခန့်မှန်းထားခြင်းမရှိတဲ့ ခရီးစဉ်တစ်ခုပါပဲ။ လမ်းတစ်လျှောက်လုံး လေပွေတစ်ခုလိုပါပဲ။” လို့ သူကပြောပြထားပါတယ်။

"ကျွန်မ ၂၀၁၂ခုနှစ်မှာ Game of Thrones ကို စတင်ရိုက်ကူးခဲ့ပါတယ်။ ကျွန်မလေ ကိုယ့်ကံကိုတောင် မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ကျွန်မရဲ့ ဇာတ်ရုပ် ပိုမိုပေါ်လွင်စေပြီး ဘယ်လောက်အောင်မြင်လာသလဲဆိုတာ မြင်နိုင်ပါတယ်။ ဒီဇာတ်ကားဟာ ကျွန်မအတွက် လမ်းတွေအများကြီး ပွင့်လာစေပြီး ကျွန်မကို ဘယ်လိုအောင်မြင်မှုတွေ ထင်ဟပ်စေတယ်ဆိုတာကို ပြသပေးသွားတာဖြစ်ပါတယ်။"

( MTN )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment