Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 16, 2015

အပါးလွှာဆုံး Galaxy A8 စမတ်ဖုန်းကို Samsung စတင်မိတ်ဆက်

Samsung ကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့စမတ်ဖုန်းတွေအားလုံးထက် ပါးလွှားတဲ့ဒီဇိုင်းနဲ့ Galaxy A8 အမည်ရ မော်ဒယ်ကိုမိတ်ဆက်လိုက်ပါတယ်။ Galaxy A8 ရဲ့ထုထည်ဟာ ၅.၉ မီလီမီတာသာ ရှိတာကြောင့် Samsung ကနောက်ဆုံးထုတ်လုပ်ထားတဲ့ Galaxy s6 Edge စမတ်ဖုန်းထက် ၈၅ ရာခိုင်နှုန်းပိုမိုပါးလွှာပါတယ်။


ပါးလွှားတဲ့ဒီဇိုင်းဖြစ်ပေမယ့် 3050mAh ဘတ္ထရီကို ရအောင်ထည့်သွင်ပေးထားပါတယ်။ ကင်မရာအရည်အသွေးက 16 megapixel ရှိပြီး နောက်ပိုင်းစမတ်ဖုန်းတွေရဲ့ ထုံးစံအတိုင်း အရည်အသွေးမြင့် စွမ်းဆောင်ရည်တွေပါဝင်ပါတယ်။ Samsung ကုမ္ပဏီက ဒီမော်ဒယ်အမျိုးအစားကို လောလောဆယ်မှာ တရုတ်နဲ့ စင်္ကာပူဈေးကွက်ကိုပဲ အရင်ဖြန့်ချီမှာဖြစ်ပါတယ်။ လက်ဗွေရာလုံခြုံရေးစနစ်တွေလည်း တစ်ခါတည်း ပါဝင်ပါတယ်။ Android ဈေးကွက်ထဲမှာတော့ Galaxy A8 ကအပါးအလွှားဆုံးမဟုတ်သေးပါဘူး။ vivo x5 Max, Oppo r5, Gionee Eife s5.1 စတဲ့မော်ဒယ်အမျိုးအစားတွေကို ပိုပြီးပါးလွှားတဲ့ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပါတယ်။


လက်ဗွေရာစနစ်လုံခြုံရေးနဲ့အတူ ၅.၇ လက်မရှိတဲ့ မျက်နှာပြင်ကို 1080 HD အရည်အသွေးနဲ့ ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းကတော့ တရုတ်ဈေးကွက်မှာ ကန်ဒေါ်လာ ၃၃၀ လောက်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။
PlanetMyanmar

No comments:

Post a Comment