Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 23, 2015

ရှယ်ယာတန်ဖိုး နှစ်ဆကျော် ရှိမည်ဟု Fraser & Neave (F&N) ခန့်မှန်း

Myanmar Brewery တွင် Fraser & Neave (F&N) က ပိုင်ဆိုင်ထားသည့် ရှယ်ယာ ၅၅ ရာခိုင်နှုန်း၏ တန်ဖိုးကို လွတ်လပ်သော ရာဖြတ်တစ်ဦး က အမေရိကန် ဒေါ်လာ သန်း ၅၆၀ တန်ဖိုး သတ်မှတ် ခန့်မှန်းပေးလိုက်ကြောင်း F&N က ဆိုခဲ့သည်။ ထိုတန်ဖိုးမှာ Brewery တွင် F&N နှင့် ဖက်စပ်လုပ်ငန်း စီးပွါးဖက်ဖြစ်သည့် မြန်မာ့စီးပွါးရေးဦးပိုင်က မူလက ကမ်းလှမ်းခဲ့သော ပမာဏဖြစ်သည့် နှစ်ဆကျော် ပိုများနေကြောင်း Straits Times သတင်းဌာနက ဇူလိုင်လ ၂၂ ရက်နေ့က ဖော်ပြခဲ့သည်။
အစောပိုင်းက ခုံသမာဓိအဖွဲ့က အဆုံးအဖြတ်ပေးခဲ့ရာတွင် F&N သည် ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို စီးပွားဖက်ထံ ရောင်းချရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ရာ မြန်မာ့စီးပွါးရေးဦးပိုင်က အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် မူလ တန်ဖိုးသတ်မှတ်ချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၄၆ သန်း ပမာဏကို ခုံသမာဓိအဖွဲ့က လျစ်လျူရှုပယ်ချခဲ့ကာ၊ လွတ်လပ်သော ရာဖြတ်က တန်ဖိုးသတ်မှတ်ပေးရန် နှင့် ထိုသတ်မှတ်ပေးမည့် မျှတသော တန်ဖိုးပမာဏဖြင့် ရှယ်ယာများကို ရောင်းချရမည်ဖြစ်ကြောင်း အမိန့်ပေးခဲ့သည်။
F&N အနေဖြင့် Myanmar Brewery ရှယ်ယာများကို ရောင်းချရလျှင် ဈေးကွက်ဆုံးရှုံးမှု ရင်ဆိုင်ရမည်ဖြစ်ပြီး၊ တိုက်ဂါးဘီယာကို ထုတ်လုပ်သည့် Asia Pacific Breweries ရှိ F&N အစုရှယ်ယာများကို ၂၀၁၂ ခုနှစ်က ရောင်းချခဲ့ပြီး နောက်ပိုင်းတွင် F&N ၏ တစ်ခုတည်းသော ယမကာ ထုတ်လုပ်မှုကိုလည်း ဆုံးရှုံးရမည် ဖြစ်သည်။
Mizzima

No comments:

Post a Comment