Facebook ပေါ်မှ တင်လိုက်တဲ့ဓါတ်ပုံတစ်ပုံကြောင့် ၁၅ နှစ်ကြာကွဲကွာနေခဲ့တဲ့ သားအမိနှစ်ဦးဟာပြန်လည် ဆုံတွေ့ခဲ့ကြပြီဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ ဟုပ်ဟော်လန်ဆိုသူ အမျိုးသမီးဟာ သူမရဲ့ သားဖြစ်သူနဲ့ မတွေ့တာ ၁၅ နှစ်ရှိနေပြီဖြစ်ပါတယ်။
သားဖြစ်သူ ဂျိုနသန် ၃ နှစ်အရွယ်မှာ အဖေဖြစ်သူကခေါ်ပြီးထွက်သွားကတည်းက လုံးဝပြန်မလာတော့တာ ဖြစ်ပါတယ်။ သားအဖနှစ်ဦးအပန်းဖြေခရီးထွက်မယ်ဆိုပြီး ဖခင်ဖြစ်သူက ခေါ်ဆာင်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သားအဖနှစ်ဦးဟာ မက္ကဆီကိုမှာ ဇာတ်မြုပ်ပြီးနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ ကျန်ရစ်ခဲ့တဲ့ မိခင်ဖြစ်သူကတော့ ၁၅ ကလေးစောင့်ရှောက်ရေးဂေဟာမှာ အလုပ်လုပ်ရင်း ပျောက်သွားတဲ့ သားဖြစ်သူရဲ့ သတင်းကို ၁၅ နှစ်လုံးစုံစမ်းနေခဲ့ပေမယ့်မတွေ့ခဲ့ပါဘူး။ ဂျိုနသန် အသက် ၁၈ နှစ်အရွယ်ရောက်လာတဲ့အချိန်မှာ အမေဖြစ်သူကို တွေ့ချင်လာတာကြောင့် ငယ်ငယ်က သူနဲ့သူ့အမေရိုက်ထားတဲ့ ဓါတ်ပုံကို Facebook ပေါ်တင်ပြီးစုံစမ်းခဲ့တာဖြစ်ပါတယ်။ သူ့အမေဒါမှမဟုတ် သူ့အစ်ကိုသာ ဒီပုံကိုတွေ့ခဲ့ရင်သူ့အမေနဲ့ ပြန်ဆုံစည်းရမယ်လို့ မျှော်လင့်ခဲ့တာပါ။
တကယ်တမ်းမှာလည်း မိခင်ဖြစ်သူက ဒီပုံကိုတွေ့ပြီး သားအမိနှစ်ဦးပြန်လည်ဆုံစည်းနိုင်ခဲ့တာဖြစ်ပါတယ်။ သားဖြစ်သူနဲ့ ကွဲကွာနေရတဲ့အချိန်အတွင်း ကိုယ့်ကိုကိုယ် သေကြောင်းကြံဖို့တောင် စဉ်းစားခဲ့ဖူးတယ်လို့ အမေဖြစ်သူ ဟုပ်က ပြန်ပြောပြပါတယ်။
PlanetMyanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 5, 2015
Facebook ပေါ်ကဓါတ်ပုံကြောင့် ၁၅ နှစ်ကြာကွဲကွာနေတဲ့ သားအမိနှစ်ဦး ပြန်ဆုံတွေ့
Facebook ပေါ်ကဓါတ်ပုံကြောင့် ၁၅ နှစ်ကြာကွဲကွာနေတဲ့ သားအမိနှစ်ဦး ပြန်ဆုံတွေ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 05, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment