Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 9, 2015

facebook News(ပဲခူးတိုင်း၊ ပြွန်တန်ဆာ မြို့က ဆရာမလေးတစ်ယောက်ကို ကျောင်းအုပ်ကဆဲဆိုကာ ထိုးကြိတ် ကန်ကျောက်မှု ဖြစ်ပွား.)



ပဲခူး တိုင်းဒေသကြီး၊ညောင်လေးပင်မြို့နယ်၊ကြံဘိုကျေးရွာ အ.လ.က ခွဲ ကျောင်းတွင် ပညာသင်ကြားပို့ချနေသော ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာ မြို့သူဆရာမ
ဒေါ်ခိုင်ဇာခြည်ထွန်း(မူုလတန်းပြ ဆရာမ)အပေါ် သူမ၏ကျောင်းအုပ်ဆရာဖြစ်သော ဦးကျော်လင်းအောင် က ထိုးကြိတ်ကန်ကျောက်၍ ဆဲဆိုကာ ဆရာမတစ်ယောက်၏
ကာဣနြေ္ဒ ပျက်ပြားဆိုးရွားစေခဲ့သည်။
ဖြစ်စဉ်မှာ....စာသင်ကျောင်း ကော်ရစ်တာမှာ ကျောင်းအုပ်နှင့် ဆရာမ တို့တွေ့စဉ် စာသင်ချိန်ဆွေးနွေးခဲ့ကြသည်။ နေ့စား လပေး ဘဝမှ အမြဲတန်းခန့်ဆရာမ အဖြစ်
သို့ ယမန်နှစ်တွင်မှ ခန့်ထားခံခဲ့ရသည်ဖြစ်ရာ တာဝန်ကြီးသော စတုတ္ထတန်း
အတန်းကို တာဝန်ယူ စေရာတွင် ဆရာမ မှ ဟုတ်ကဲ့ တာဝန်ယူပါမည် တွဲဖက်
ဆရာမ တစ်ယောက်တော့ တွဲပေးဖို့ တောင်းဆိုရာတွင် `နင်မလုပ်နိုင်ရင် အလုပ်
ထွက် နင်ကဘာေ-ာက်ဆင့်ရှိလို့လဲ ဖေ.....မ ´ဟု ဆဲဆိုကာထိုးကြိတ်ပြီး ဆရာမ
လက်ထဲတွင်ကိုင်ထားသော ထမင်းချိုင့်ကိုလည်း ဆွဲယူ ပစ်ပေါက်ခြင်းခံရသော အဖြစ်အပျက် ဖြစ်ပွားခဲ့သည်။ ဆရာမတွက် ဒီအခြေအနေဟာ တပည့်တွေရှေ့
အခြားဆရာ ဆရာမများ ရှေ့မှာ ဖြစ်ပွားခဲ့တာပါ မျက်မြင်သက်သေ များစွာရှိပါသည်။
ဆရာမတစ်ယောက်တွက် ကာဣနြေ္ဒပျက်ပြားခဲ့ရုံသာမက ထိတ်လန့်ကြောက်ရွံ
ခဲ့၍ မိသားစုနှင့် တိုင်ပင်ကာ မြို့နယ်ပညာရေးမှူးရုံးသို့ အစီရင်ခံစာတင်ခဲ့ရာတွင်
ယနေ့အထိ ထူးခြားမှူ တစုံတရာမရှိပဲ အရေးယူခြင်းမရှိသေးချေ။ မိန်းမသား
တစ်ယောက် ယခုကဲ့သို့ကျူးလွန်ပြီးမှ ထိုကျောင်းအုပ်ဆရာ ဦးကျော်လင်းအောင်
သည် သူ့လက်အောက်ဆရာ ဆရာမများထံ ဖုန်းဆက်၍ သက်သေ မထွက်ပေးဖို့ သူအလုပ်ပြုတ်နိုင်ကြောင်း စသဖြင့် ပြောဆိုကာ အပြစ်ဖုန်းကွယ်ဖို့လဲ အားထုတ်ခဲ့ပါသည်။
၎င်းကျောင်းအုပ်ဆရာသည် အလားတူဖြစ်ရပ်မျိုး အခြားဆရာ ဆရာမများ အပေါ်
တွင်လည်း ထိုသို.ကျူးလွန်ခဲ့ကြောင်း သိရှိရပါသည်။ကျွန်တော်တို့ ပညာရေး
လောကမှာ ယဉ်ကျေးလိမ်မာ၍ ထူးချွန်ထက်မြက်၍ နိုင်ငံ့သားများပေါ်ထွန်းလာ
စေရန် အားထုတ်နေခိုက် ထိုကျောင်းအုပ်ဆရာမှ အစ ရိုင်းစိုင်းယုတ်မာမှူ ကလိန်
ကကျစ်ကျဖို့ အားထုတ်နေသည်ကို အဘယ်သို့ထားရှိရမည်နည်း။ အားကြီးသူ
ရာထူးကြီးသူ အနိုင်ကျင့်ခံ၍ ကြောက်ရွံ့တုန်လှူပ်နေရမှူတွေ မြန်မာပြည်မှာ
ဘယ်လောက်များ များနေပြီလဲ ......................................
သတင်းဓါတ်ပုံ-Kyawzinlwin.

No comments:

Post a Comment