Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 28, 2015

Economist Group ရှယ်ယာ (၅၀) ရာခိုင်နှုန်းကို ရောင်းချမည်

      ထုတ်ဝေရေး ကုမ္ပဏီ Pearson သည် Economist Group တွင် ၎င်းတို့ ရင်းနှီး မြှုပ်နှံထားသော ရှယ်ယာ (၅၀) ရာခိုင်နှုန်းကို ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

      Pearson သည် ၎င်းတို့ ပိုင်ဆိုင်သော ဖိုင်နန်ရှယ်တိုင်းမ်စ် သတင်းစာအား ဂျပန်ရှိ မီဒီယာကုမ္ပဏီ Nikkei သို့ ရောင်းချမည် ဖြစ်ကြောင်း မကြာသေးမီ ရက်များတွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ကုမ္ပဏီသည်  The Economist အပတ်စဉ်ထုတ် သတင်းစာအား မည်သူတို့ကို ရောင်းချခြင်းနှင့် ပတ်သက်ပြီး ထုတ်ပြန် ကြေညာခြင်း မရှိသေး။

      Economist Group ၏ ရှယ်ယာများကို ပိုမိုဝယ်ယူရန် ဆွေးနွေးနေကြောင်း အီတလီရှိ Agnelli မိသားစုပိုင် လုပ်ငန်းက ပြောဆိုခဲ့သည်။ Economist Group ၏ ရှယ်ယာ (၄ ဒသမ ၇၂) ရာခိုင်နှုန်းကို Agnelli ၏ ကုမ်္ပဏီခွဲ Exor က ပိုင်ဆိုင်ထားသည်။

      ရှယ်ယာ (၅၀) ရာခိုင်နှုန်းသည် ပေါင်သန်း(၄၀၀)တန်ဖိုး ရှိနေပြီး နွေရာသီ အကုန်တွင် ရောင်းချမှုကို အပြီးသတ် လုပ်ဆောင်မည်ဖြစ်သည်။

Source:BBC

No comments:

Post a Comment