Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 6, 2015

လိင်တူလက်ထပ်ခွင့်အတွက် ဂုဏ်ပြုအခမ်းအနားကို Caitlyn Jenner တက်ရောက်





မကြာသေးခင်ကမှ လိင်ပြောင်းလဲလိုက်တဲ့ Caitlyn Jenner ဟာ နယူးယော့ခ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လိင်တူလက်ထပ်ခွင့် အတွက် ဂုဏ်ပြုပွဲတော်ကို သမီးဖြစ်သူ Kim Kardashian ရဲ့ အကြံဥာဏ်ကို ရယူထားတဲ့ စတိုင်လ် နဲ့ တက်ရောက် ဂုဏ်ပြုခဲ့ပါတယ်။

အိုလံပစ် အားကစားသမားဟောင်း ဟာ အဖြူရောင် ရှပ်အကျီင်္နဲ့ စကတ်တို့ကို ၀တ်ဆင်ပြီး သူမရဲ့ ပျော်ရွှင်မှုတွေကို ပေါ်လွင်စေခဲ့ပါတယ်။

ထို ဂုဏ်ပြုပွဲကိုတော့ နယူးယော့ခ်မြို့ ၊ Dream Downtown ဟိုတယ် က PH-D Rooftop Lounge မှာ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၆၅ နှစ်ရှိနေပြီဖြစ်တဲ့ Caitlyn Jenner ဟာ I Am Cait အစီအစဉ်အတွက်လည်း E! ဖြစ်ရပ်မှန် အစီအစဉ်ရဲ့ ကင်မရာတွေ ရိုက်ကူးနေမှုကိုလည်း ထိုပွဲမှာ တစ်ပါတည်း သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဆံပင်အရှည်ကို လှပစွာ ဖြန့်ချထားပြီး မိတ်ကပ်ကို သပ်ရပ်စွာခြယ်သထားတဲ့ Caitlyn Jenner ဟာ သူမရဲ့ ပရိတ်သတ်တွေနဲ့အတူ ဓါတ်ပုံတွဲရိုက်ခဲ့သလို ၊ အတူတူ ပျော်ရွှင်စွာ ရယ်မောခဲ့ပြီး ထိုပွဲမှာရှိနေတဲ့ လိင်တူ ထောက်ခံသူအားလုံးကလည်း သူမကို ကြိုဆိုခဲ့ကြပါတယ်။

ပန်းရောင် လက်သည်းဆိုးဆေး တွေနဲ့ ရွှေ လက်ဝတ်ရတနာတို့ကို ၀တ်ဆင်ထားတဲ့ အဖြူရောင်ဝမ်းဆက် နဲ့ Caitlyn ရဲ့ ဖက်ရှင်ဟာ Kim Kardashian ရဲ့ စိတ်ကူးပဲ ဖြစ်မယ်ဆိုတာတော့ သေချာပေါက်ပြောနိုင်မယ့်အရာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Caitlyn Jenner က မော်တော်ဆိုင်ကယ် စီးပြတဲ့ ဗီဒီယို ထွက်ရှိထားမှု နဲ့ ပတ်သက်ပြီးတော့လည်း မော်တော်ဆိုင်ကယ်စီးခြင်းဟာ အမျိုးသားတွေရဲ့ အကြောင်းအရာ ဖြစ်ပေမယ့်လည်း အမျိုးသမီးတွေလည်း လုပ်နိုင်တယ်ဆိုတာ ကို ပြသပေးချင်တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment